Suho တို့ထွက်သွားတော့ Chanyeol, Baekhyun, Kris, Kai, Sehun, Lay နဲ့ Chen တို့ကျန်ခဲ့ကြတယ်
အားလုံးကားနဲ့မနီးမဝေးနေရာမှာထိုင်ကာ Suho တို့ပြန်အလာကိုစောင့်နေကြရင်း ညဥ့်နက်နေတော့ အိပ်ငိုက်လာတာအမှန်ပင်...
ဒါပေမဲ့ခုလိုအချိန်မှာဘာအန္တရာယ်ဖြစ်လာမယ်ဆိုတာမသိဘူးလေ အိပ်လို့ဘယ်ဖြစ်မှာလဲ...
အားလုံးအိပ်ချင်နေကြမှန်းသိတော့ Lay ကဘဲတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကို ဖြိုခွင်းကာစကားစပြောလိုက်တယ်
Lay-"Suho ကလည်းကြာလိုက်တာနော် ဟူး"
Lay စကားသံကြောင့် သစ်ပင်ကိုမှီကာအိပ်ငိုက်နေတဲ့ Sehun နဲ့ Kai နဲ့နိုးလာသလို ညဘက်ကြီးမျက်မှန်အမဲကြီးတပ်ကာ အိပ်ပျော်နေတဲ့ Kris လည်းနိုးလာတယ်လေ
Baekhyun လည်း Chanyeol ပေါင်ပေါ်ခေါင်းအုံးအိပ်နေရာမှထလာခဲ့တယ်
အားလုံးအကြည့်တွေကို Lay ဆီပို့လိုက်ပေမဲ့ Chanyeol ကတော့အဝေးတစ်နေရာကိုသာစိုက်ကြည့်နေတယ်လေ
Baek-" ဒီမှာအကြာကြီးနေရတာတစ်မျိုးကြီးဘဲ ကျွန်တော့်စိတ်ထဲမသန့်သလိုဘဲ"
Hun-"ဟုတ်တယ် ငါရောဘဲ Suho hyung တို့ဘာလို့အဲ့လောက်ကြာနေတာလဲမသိဘူး"
Lay-"ငါတို့ဆင်းဒီကားနဲ့ဆင်းသွားရင်ရော? မောင်းလို့တော့ရသေးတာဘဲဟာ"
Kris-"ဖြစ်ပါ့မလား Lay? ကားကအန္တရာယ်မှတ်ကိုကျော်နေပြီ ဆက်မောင်းရင်မီးထလောင်လိမ့်မယ်"
Kai-"ဟုတ်တယ် hyung ခဏလောက်ဖြစ်ဖြစ်စောင့်ကြည့်ကြတာပေါ့"
ကိုယ့်အတွေးနဲ့ကိုယ်မို့ပတ်ဝန်းကျင်ကပြန်လည်တိတ်ဆိတ်သွားပြန်တယ်
ထိုအချိန်သူတို့နဲ့သိပ်မဝေးတဲ့နေရာကထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ်အသံတွေ...
"အား.....မလုပ်ပါနဲ့!!! ဟီး..ဟား..."
Kai-"hyun..hyung....ကြားလား?"
Kai, Lay ကိုကြည့်ပြီးပြောလိုက်တော့ Lay အသာခေါင်းညိမ့်ပြတယ်...
သူတို့ကြားနေရတယ် သိပ်မနီးမဝေးနေရာကနေ နာကျင်စွာအော်သံတွေတောင်းပန်သံတွေကို ပြတ်ပြတ်သားသားကြားနေရတယ်
YOU ARE READING
The Ghost Doll
Horrorအရုပ်? ဟုတ်တယ် သိပ်ကိုလှပလွန်းတဲ့အရုပ်ပေါ့ ဒါပေမဲ့သူ့ရဲ့လှပမှုတွေနောက်ကွယ်မှာ ကြောက်မက်ဖွယ်အရာတွေရှိနေခဲ့တယ်ဆိုရင်... #Chanbaek #Yaoi Start date>>>21.12.2016 End date>>>>19.5.2017