Ep.23

3K 339 11
                                    

Chanyeol တို့အားလုံးတောထဲအမြန်ပြေးဝင်ခဲ့ကြသည်။
ဘယ်လောက်ပြေးနေတယ်မသိ ပတ်ဝန်းကျင်ကိုသတိထားမိတဲ့အချိန် သူတိုရောက်နေတဲ့နေရာကတောတော်တော်နက်နေပြီလေ

Tao-"ခဏ...ခဏနားရအောင် ကျွန်တော်အရမ်းမောနေပြီ"

Tao ပြောတာလဲဟုတ်ပါသည်။ သူတို့အားလုံးအရမ်းမောနေပြီလေ...နောက်ကိုကြည့်တော့လဲ ဘယ်သူမှပါမလာတာမို့ သစ်ပင်တစ်ပင်ကိုမှီကာ အားလုံးထိုင်ချလိုက်ကြသည်။

Hun-"ဟူး...မောလိုက်တာကွာ"

Kai-"ရေဆာလိုက်တာ"

Tao-"ငါရောဘဲ..."

ပြေးလာတဲ့အရှိန်ကြောင့် အားလုံးမောကာရေဆာနေကြပြီ ဒါပေမဲ့ သူတို့မှာရှိသမျှရေတွေကိုစောစောကမီးငြှိမ်းဖို့အတွက်သုံးလိုက်ရပြီလေ...ပြီးတော့လက်ရှိမှာလဲ လူချည်းဘဲထွက်ပြေးလာတာမို့လို့ ဘာဆိုဘာမှပါမလာခဲ့...

Suho-"လက်ရှိငါတို့မှာရေတစ်စက်မှမရှိဘူးကွ"

Kris-"ငါလည်းတော်တော်ရေဆာနေပြီ...ဘယ်လိုလုပ်မလဲ?"

သူတို့စကားပြောနေပေမဲ့ Xiumin hyung ကတော့မတ်တပ်ရပ်ကာဟိုကြည့်ဒီကြည့်နဲ့ မျက်နှာပျက်ယွင်းနေလေရဲ့....

ဒါကိုသတိထားမိတဲ့ Lay က

Lay-"Xiumin waeyo? မျက်နှာလဲမကောင်းပါလား?"

Xiu-"Lay ah ငါတို့တော့ ဒုက္ခရောက်ပြီထင်တယ်"

Lay-"ဘာဖြစ်လို့လဲ hyung"

Xiu-"ငါဒီနေရာကိုမသိဘူး...ဒီတောထဲကိုခဏခဏလာဖူးပေမဲ့ ဒီနေရာကိုတစ်ခါမှမရောက်ဖူးဘူး"

All-"Nae???!!!"

Xiumin စကားကြောင့်အားလုံးလန့်သွားရသည်။
ဒီတောကိုကျွမ်းတာ Xiumin hyung ဘဲရှိတယ်လေ သူကမသိဘူးဆိုတော့ ဘယ်လိုလုပ်မလဲ???

Hun-"hyung အဲ့တာဆိုဘယ်လိုလုပ်ကြမလဲ? ကျွန်တော်တို့ဒီတောထဲကမထွက်နိုင်ရင်ဘယ်လိုလုပ်မလဲ??"

Xiu-"Aryniya ထွက်နိုင်မှာပါ ငါတို့လာလမ်းအတိုင်းပြန်လှည့်တာကောင်းလိမ့်မယ်"

Yeol-"ဒါပေမဲ့ ကျွန်တော်တို့အမြန်ပြေးလာခဲ့တာဆိုတော့ လာလမ်းကိုမမှတ်မိတော့ဘူး ဘယ်သူမှတ်မိလဲ?"

The Ghost DollWhere stories live. Discover now