Suho တို့တောင်ခြေရောက်တော့ Xiumin ကားလည်းဆီကုန်သွားတာမို့ တောင်ပေါ်ပြန်တက်လို့မရတော့...
အကူအညီတောင်းဖို့ကျတော့လည်း ဒီနေရာကညဘက်ဆိုကားအသွားအလာမရှိသလောက်နည်းတာမို့ ခုချိန်ထိကားတစ်စီးမှမရသေး...
D.O.-"Suho hyung သူတို့တောင်ပေါ်မှာအဆင်ပြေပါ့မလား? ကျွန်တော်စိတ်ပူနေပြီ"
Tao-"ဟုတ်တယ် Kris Gege ရောအဆင်ပြေပါ့မလားဟင်?"
Suho-"ငါလည်းအမြန်ဆုံးသွားခေါ်ချင်တာပေါ့ ဒါပေမဲ့မင်းတို့မြင်တဲ့အတိုင်းဘဲကားကတစ်စီးမှမှမရတာ"
Xiu-"ဟူး....ကားလေးတစ်စီးလောက်လာရင်တောင်အဆင်ပြေသေးတယ် အရမ်းကြာသွားရင် အပေါ်က 7ယောက်အတွက်မကောင်းဘူး"
Tao-" 6 ယောက်တည်းကျန်ခဲ့တာပါ hyung ရဲ့"
Xiu-"အသားဖြူဖြူ ပါးချိုင့်နဲ့ကောင်လေးနားမှာရပ်နေတဲ့သရဲလေးရှိသေးတယ်လေ"
Xiumin စကားကြောင့်အားလုံးမျက်လုံးပြူးသွားတယ်
Xiumin က Chen ကိုမြင်ရတယ်လား?Suho-"hyung က Chen ကိုမြင်ရတယ်လား??"
Xiu-"အေးလေ မြင်ရတာဘာထူးဆန်းလို့လဲ? ပြောရရင်ငါတို့မျိုးနွယ်ကနတ်ဆရာမျိုးနွယ်ဘဲလေ...သရဲတွေကိုမြင်ရသလိုနှိမ်နင်းနိုင်တယ် အဲ့တာကြောင့် သရဲခြောက်ပါတယ်ဆိုပြီးလူတွေကြောက်နေတဲ့နေရာကိုငါတစ်ယောက်တည်းသွားနေတာပေါ့...ငါကသရဲနိုင်တယ်ဆိုပေမဲ့အရမ်းကြီးမဟုတ်ပါဘူး သက်တမ်းနုတဲ့သရဲလေးတွေကိုသာနိုင်တာ တကယ့်သက်တမ်းရင့်သရဲတွေကျမနိုင်ဘူး ဟီး"
Lu-"အဲ့တာကြောင့်စဉ်းစားနေတာ hyung သတ္တိကောင်းလှချည်လားလို့...လက်စသတ်တော့ hyung ကသရဲနိုင်တာကို"
Xiu-"omm...နည်းနည်းပေါ့"
Xiumin တို့စကားပြောရင်း အကူအညီတောင်းဖို့ကားလေးရလိုရငြားစောင့်နေပေမဲ့ အချိန်သာကြာသွားတယ် တစ်စီးပင်မလာခဲ့...
"ဝူး........."
ထိုအချိန်တောင်ပေါ်ကနေ ဒုန်းဆိုင်းဆင်းလာတဲ့ကားတစ်စီးကြောင့်အားလုံးလန့်သွားရသည်။
တဝူးဝူးမောင်းလာတဲ့ကားရဲ့အသံကြီးကဟိန်းထွက်နေကာ မသိရင် မကောင်းဆိုးဝါးအော်သံကြီးလိုပင်...
YOU ARE READING
The Ghost Doll
Horrorအရုပ်? ဟုတ်တယ် သိပ်ကိုလှပလွန်းတဲ့အရုပ်ပေါ့ ဒါပေမဲ့သူ့ရဲ့လှပမှုတွေနောက်ကွယ်မှာ ကြောက်မက်ဖွယ်အရာတွေရှိနေခဲ့တယ်ဆိုရင်... #Chanbaek #Yaoi Start date>>>21.12.2016 End date>>>>19.5.2017