"ဂျိမ်း!!!!!"
ကျယ်လောင်လှတဲ့ အသံကြီးကြောင့်အားလုံး ပြန်လှည့်ကြည့်မိတော့ စောစောကသူတို့ဖွင့်ထားတဲ့ ကျွန်းတံခါးကြီးကပိတ်သွားခဲ့ပြီ
Suho-"ဘာဖြစ်သွားတာလဲ!!??"
Lay-"မသိတော့ဘူးမြန်မြန် ဖွင့်ကြည့်ပါဦး!!"
Lay တို့ပြောရင်း အားလုံးတံခါးကိုတွန်းဖွင့်ကြည့်ကြသည်။ တံခါးရွက်ကအပြင်ဘက်ကိုဖွင့်ရတဲ့တံခါးဖွင့် 10 ယောက်အားနဲ့တွန်းပေးမဲ့ အနည်းငယ်မျှတောင်လှုပ်သွားခြင်းမရှိခဲ့...
အသည်းအသန်အားနဲ့တွန်းနေပေမဲ့ အချိန်ကြာလာတော့ လူကမောဟိုက်လာတာကြောင့် အားလုံးတံခါးကိုမှီကာထိုင်လိုက်မိကြသည်။
Baek-" ငါတို့ဒီအထဲမှာပိတ်မိသွားတာလား?? ဘယ်လိုလုပ်ကြမလဲ??"
D.O.-"တံခါးကတော့လုံးဝဖွင့်လို့ရမဲ့ပုံမပေါ်ဘူး"
Kai-"ဒီအတိုင်းအပိတ်မိနေရင် အားလုံဒုက္ခရောက်ကုန်လိမ့်မယ်"
Kai စကားအဆုံးအားလုံးအတွေးကိုယ်စီနဲ့ ငြိမ်သက်သွားပြန်တယ်
Hun-"အခြားထွက်ပေါက်ရော?? ဒီထွက်ပေါက်မဟုတ်ရင်တောင် အခြားထွက်ပေါက်ရှိဦးမှာဘဲ!! ပြီးတော့ Lu ကိုလဲရှာရဦးမယ် သူဒီထဲမှာကြိမ်းသေရှိနေတယ်"
Xiu-"maja Sehun ပြောတာမှန်တယ် ဒီအိမ်မှာအခြားထွက်ပေါက်တစ်ခုခုတော့ရှိမှာဘဲ ငါတို့ Luhan ကိုရှာရင်း ထွက်ပေါက်ရှာကြတာပေါ့"
All-"ok kharja!!!"
အားလုံးဆုံးဖြတ်ချက်နဲ့အတူမတ်တပ်ထရပ်လိုက်ကြသည်။
ထိုအချိန် အမှောင်ထဲမှာတွေ့လိုက်ရတဲ့အနီရောင်မျက်ဝန်းတစ်စုံနဲ့ ကျယ်လောင်တဲ့အော်ရယ်သံတစ်ခုကြောင့် အားလုံးလန့်သွားရသည်။"ဟား...ဟား...ဟား...မင်းတို့ငါ့လက်ထဲကပြေးမလွတ်ပါဘူးးကွာ...မင်းတို့ကလူတွေအများကြီးဆိုတော့ ငါသုံးလေးရက်လောက်အစာမရှာဘဲနေလို့ရပြီပေါ့ ဟား...ဟား..ဟား..."
တစ်အိမ်လုံးအော်ရယ်သံများနဲ့ဆူညံနေကာ အားလုံးလဲလန့်နေကြလေပြီ...
စကားတွေပြောနေတဲ့ထင်ရသော ထိုအမှောင်ထဲကလူကတော့ထွက်မလာသေး...
YOU ARE READING
The Ghost Doll
Horrorအရုပ်? ဟုတ်တယ် သိပ်ကိုလှပလွန်းတဲ့အရုပ်ပေါ့ ဒါပေမဲ့သူ့ရဲ့လှပမှုတွေနောက်ကွယ်မှာ ကြောက်မက်ဖွယ်အရာတွေရှိနေခဲ့တယ်ဆိုရင်... #Chanbaek #Yaoi Start date>>>21.12.2016 End date>>>>19.5.2017