ရုပ်တရပ်ကြီး Luhan ပျောက်သွားတာမို့ အားလုံးစိတ်ပူသွားကြသလို Sehun လဲအတော်လေး စိတ်ပူနေလေပြီ
Hun-"hyungတို့လုပ်ပါဦး Luက ကျွန်တော့်ရဲ့ Lu ကဘယ်ရောက်သွားတာလဲ??? တစ်ခုခုတော့မဖြစ်လောက်ပါဘူးနော်...Lu ဘာအန္တရာယ်မှမရှိလောက်ပါဘူးနော်"
Suho-"Sehun စိတ်အေးအေးထားစမ်း!! ဘာမှမဖြစ်ဘူး ငါတို့် Luhan ကိုတွေ့အောင်ရှာပေးမှာမို့လို့ စိတ်အေးအေးထားနော်"
Suho, Sehun ကိုစိတ်အေးအေးထားဖို့ပြောနေပေမဲ့ သူကိုယ်တိုင်ကစိတ်မအေးနိုင်...Luhan ကအလိုလိုနေရင်းဘယ်ပျောက်သွားတာရတာလဲ??
ဒီလောက်မှောင်မဲနေတဲ့စောနက်ကြီးထဲမှာ လူတစ်ယောက်ကိုရှာဖို့ဆိုတာ သိပ်လွယ်ကူလှတဲ့ကိစ္စတော့မဟုတ်ပေ...
ဒါပေမဲ့လဲ ရှာရမှာဘဲလေ အဓိကက Luhan ကိုရှာတွေ့ဖို့ဘဲမဟုတ်ပါလား
"Luhan ah...မင်း ဘယ်မှာလဲ??"
"Luhan ငါတို့အသံကြားလား??!!! မင်းဘယ်ရောက်နေလဲ??"
"Lu ah ကိုယ်စိတ်ပူနေပြီ ဘယ်တွေရောက်နေတာလဲကွာ!!!"
မှောင်မဲနေတဲ့တောနက်ကြီးထဲ Luhan ဆိုတဲ့နာမည်ကိုတစာစာအော်ခေါ်ကာ Luhan ကိုရှာနေကြတဲ့ သူတို့ 10ယောက်...
"Hyung တို့ခဏ!!"
အားလုံးရှာနေကြရင်း တစ်နေရာအရောက် Chanyeol ရဲ့အော်သံကြောင့် အားလုံးသူ့ကိုလှည့်ကြည့်မိကြသည်။
Suho-"Chanyeol ဘာဖြစ်လို့လဲ?"
Yeol-"hyung ဒီမှာခဏလာကြည့်ပါဦး"
Chanyeol ခေါ်လိုက်တာကြောင့် Suho အပါအဝင် အားလုံး Chanyeol နားရောက်လာကာ သူပြတဲ့နေရာကိုကြည့်လိုက်မိကြသည်။
"ဟင်!!!"
အားလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အာမေဋိတ်သံပင်ထွက်သွားရသည်။
Chanyeol ပြတာက မြေကြီးရဲ့ပျက်ရွင်းနေတဲ့ပုံစံ တစ်နည်းအားဖြင့် လူတစ်ယောက်ကိုတရွတ်တိုက်ဆွဲသွားသလိုမျိုး လမ်းတစ်လျှောက်ဖြစ်နေတယ်လေ
မဟုတ်မှ....အဲ့ဆွဲသွားခံရတဲ့သူက Luhan များလား???
ထိုအတွေးမျိုးကိုတွေးမိကြတော့ အားလုံးအလန့်တကြားတယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
ESTÁS LEYENDO
The Ghost Doll
Terrorအရုပ်? ဟုတ်တယ် သိပ်ကိုလှပလွန်းတဲ့အရုပ်ပေါ့ ဒါပေမဲ့သူ့ရဲ့လှပမှုတွေနောက်ကွယ်မှာ ကြောက်မက်ဖွယ်အရာတွေရှိနေခဲ့တယ်ဆိုရင်... #Chanbaek #Yaoi Start date>>>21.12.2016 End date>>>>19.5.2017
