Ep.3

4.1K 408 7
                                        

Baekhyun ထွက်သွားတော့မှ Chanyeol တံမြက်စည်းကိုင်ကာ မှန်ကွဲစတွေကိုသန့်ရှင်းရေးလုပ်ရတော့သည်။

အောက်ကျနေတဲ့ Jame ခေါ် ထိုကောင်လေးအရုပ်ကိုတော့ အခြားမှန်မကွဲတဲ့ ဗီရိုထဲမှာထည့်ပြီး ဗီရိုတံခါးပြန်ပိတ်လိုက်သည်။

ထိုအချိန်....

"တောက်!!!!!"

ကျယ်လောင်စွာထွက်ပေါ်လာတဲ့ တောက်ခေါက်သံတစ်ခု...

ဟင်? ဘယ်သူတောက်ခေါက်လိုက်တာလဲ? Baek လား? မဖြစ်နိုင်တာ Baek ကအပြင်ထွက်သွားပြီလေ အဲ့တာဆိုဘယ်သူလဲ?

Chanyeol အခန်းကိုဝေ့ဝိုက်ကြည့်တော့လဲ အရုပ်တွေကလွဲပီးအခြားဘာမှမရှိ...

ရုတ်တရပ် Jame ဆိုတဲ့အရုပ်လေးဆီ အကြည့်ရောက်တော့ သူကသူ့ပုံစံအတိုင်းလေးပြုံးနေပါတယ် ဒါပေမဲ့ Chanyeol မျက်စိထဲမှာတော့ အဲ့အပြုံးကိုမဲ့ပြုံးလို့မြင်နေမိတယ်

Chanyeol ဘာရယ်မဟုတ်နည်းနည်းလန့်နေတဲ့စိတ်ကိုဖျောက်ချင်တာနဲ့ ထိုအရုပ်နားသွားကာ စိုက်ကြည့်လိုက်ပြီး

"မင်းသတိထားနေသိလား? ငါမင်းကိုကြည့်လို့ကိုမရဘူး! Baek လစ်တာနဲ့မင်းကိုလွှင့်ပစ်မှာ"

"ဟား....ဟား...ဟား..."

Chanyeol ဘာရယ်မဟုတ်ပြောလိုက်တဲ့စကားနောက်မှာ ရယ်သံတစ်ခုကကပ်ပါလာခဲ့သည်။

ရယ်သံ...ရိုးရိုးရယ်သံမဟုတ်ဘူး လှောင်ရယ်သံမျိုး...ဒီရယ်သံကဘယ်ကထွက်လာရတာလဲ?

"ဘယ်သူလဲ? ဘယ်သူလဲလို့မေးနေတယ်လေ!"

Chanyeol အော်ပြောနေပေမဲ့ပတ်ဝန်းကျင်က
ဘာမှပြောင်းလဲခြင်းမရှိ ငြိမ်သက်လျက်ပင်...

ငါသေချာကြားခဲ့တာပါ ရယ်သံကြီးကို...နားကြားများမှားတာလား?

"Aww Park Chanyeol ရယ်အိပ်ရေးပျက်တာတွေများပြီးရူးသွားပြီထင်တယ် ဘာတွေလျှောက်ကြားနေတာလဲ"

Chanyeol ကိုယ့်ကိုယ်ကို ပေါ့ပျက်ပျက်သာ
လှောင်ပြောင်ပြီး အခန်းထဲကနေထွက်ခဲ့လိုက်သည်။
ဘယ်သူကထင်မှာလဲ ကိုယ့်အိမ်ထဲမှာသရဲရှိနေမယ်လို့လေ...

ဒီအတိုင်းအမှုမဲ့အမှတ်မဲ့ထားခဲ့ခြင်းက တစ်ချိန်မှာအဆိုးရွားဆုံးအန္တရာယ်တွေကျရောက်လာမယ်ဆိုတာ Chanyeol သိခဲ့ရင်...

The Ghost DollDonde viven las historias. Descúbrelo ahora