Ep.5

3.7K 386 12
                                        

Chanyeol နိုးလာတော့ပထမဆုံးမြင်လိုက်ရတာက
ရင်းနှီးနေတဲ့အဖြူရောင်မျက်နှာကျက်တစ်ခု..

ဒါဆိုကျွန်တော့်အခန်းထဲမှာပေါ့...ဒါနဲ့စောစောက ကျွန်တော်ဘာဖြစ်သွားတာလဲ?

လက်ကိုအားပြုရင်း ခန္ဓာကိုယ်ကိုအသာထကြည့်တော့ ခံစားမိလိုက်သည်က လည်ပင်းထက်ကနာကျင်မှုတစ်ခု..
ဘာတွေဖြစ်ခဲ့တာလဲ?

ဖြစ်ခဲ့သည့်အကြောင်းအရာများကိုမေ့လျော့နေတာမို့ ဦးနှောက်ကိုခဏတာမျှအလုပ်ပေးလိုက်တော့ မျက်စိထဲအစီအရီပြန်ပေါ်လာတဲ့ ပုံရိပ်တွေကြောင့် လူကအနည်းငယ်လန့်သွားရသည်။

အဲ့တာဆိုဒီဒဏ်ရာက ကျွန်တော့်ကိုသရဲကိုက်လိုက်တာလား?

အရင်ကတည်းက သရဲစာအုပ်တွေအဖတ်များသူမို့
သူသရဲတွေအကြောင်းအတော်အသင့်သိသည်။

သို့သော်ထိုသရဲတစ္ဆေတွေကိုသူမကြောက်...
ဒါပေမဲ့လုံးဝမကြောက်ဖူးလားဆိုတော့လည်းမဟုတ်ပြန်..

အရင်တုန်းကသူ သရဲတစ္ဆေတွေရှိတယ်ဆိုတာကိုယုံကြည်ပေမဲ့ ကြောက်စိတ်တော့မရှိခဲ့...
သရဲတစ္ဆေတွေကလူကိုဘာအန္တရာယ်မှမပေးနိုင်ဟု သူယုံကြည်ခဲ့သည်။

သို့ပေမဲ့ သူဟိုတလောကမှဖတ်ခဲ့ဖူးသည့်စာအုပ်တစ်အုပ်နဲ့ ယခုဖြစ်ပျက်နေသည့်အကြောင်းအရာများကို ဆက်စပ်ကြည့်မည်ဆိုလျှင် သရဲတစ္ဆေတွေက လူကိုအန္တရာယ်ပေးနိုင်သည်ကိုသူလက်ခံခဲ့မိသည်။

သရဲတစ္ဆေနှင့်ဝိညာဉ်ကိုအချို့သောသူတွေက တူညီသည်ဟုထင်ကြသည်။ သို့သော်ထိုနှစ်မျိုးက လုံးဝကွဲပြားသည်။

ဝိညာဉ်...

ဝိညာဉ်ဆိုတာ သေဆုံးပြီးခါစ လူတွေရဲ့ ရုပ်အလောင်းမှ
ထွက်ခွာသွားတဲ့ လိပ်ပြာတစ်ခုသာ

ဝိညာဉ်ကလူတွေကိုအန္တရာယ်ပေးနိုင်လား?

သူတို့လုံးဝအန္တရာယ်မပေးနိုင်ပါ။ အန္တရာယ်ပေးဖို့မဆိုထားနှင့် လူ့အနားပင်ကပ်မရသောသူများသာဖြစ်သည်။

ထို့ကြောင့်သူတို့လူတွေကိုဒုက္ခမပေးနိုင်...သို့သော်အဝေးကနေ စိတ်အနှောက်အယှက်ဖြစ်အောင်စွမ်းဆောင်နိုင်ကြသည်။

The Ghost DollUnde poveștirile trăiesc. Descoperă acum