Ep.9

3.4K 389 10
                                        

Sehun သတိလစ်သွားတော့ထိုအမျိုးသားက အော်ရယ်ကာSehun နားလျှောက်လာပြန်သည်။

သူ Sehun အင်္ကျီစမှဆွဲကာ လည်ပင်းနားကပ်ပြီးသွေးစုပ်ခါနီး...

"Baek!!!!"

သူ့ နာမည်ကိုခေါ်လိုက်တဲ့အသံကြောင့်လှည့်ကြည့်မိတော့
ဒဏ်ရာကြောင့် မျက်နှာလေးနွမ်းလျကာ သူ့ကိုအော်ခေါ်လိုက်တဲ့ yeol...

Baekhyun လက်ထဲမှာတစ်ခုခုဆုပ်ကိုင်ထားသလိုခံစားရတာမို့ ကြည့်လိုက်တော့ သူဆွဲထားတာ Sehun အင်္ကျီကော်လံစဖြစ်နေသည်...ပြီးတော့ Sehun ကသတိလစ်နေတာဘဲ..

ဘာတွေ...ဘာတွေဖြစ်နေပြန်တာလဲ?
Baekhyun နားနှစ်ဖက်ကိုလက်နှင့်ပိတ်ကာ
ခေါင်းကိုအတင်းခါရမ်းနေမိသည်။

သူမြင်နေရတယ် သူ့ရှေ့မှာ..သူ့ရှေ့မှာ မျက်လုံးမပါတဲ့သူတွေအများကြီးထိုင်နေတယ်...ဟင့်အင်း ကြောက်တယ်
သူတို့ကျွန်တော့်ဆီလာနေပြီ...yeol ah ကယ်ပါဦး...

Baekhyun ခံစားမိလိုက်သည်။ သူ့ကိုလူတစ်ယောက်
ရင်ခွင်ထဲဆွဲသွင်းလိုက်တာကို...

"Baek ah...Baek ဘာတွေဖြစ်နေတာလဲ?! Baek ကိုယ့်ကိုကြည့်စမ်း!"

သတိလွတ်နေတဲ့ Baekhyun,
Chanyeol အသံကြားမှပြန်သတိဝင်လာကာ ငိုတော့သည်။

"Baek ဘာဖြစ်နေတာလဲ? ဘာဖြစ်နေလဲဆိုတာပြောမှ ကိုယ်သိမှာပေါ့ ကိုယ့်ကိုပြောပြနော်"

"Yeol ah အဟင့်~~ Baek တွေ့နေရတယ်...စောစောက...စောစောက Baek ရှေ့မှာ မျက်လုံးမပါတဲ့သူတွေအများကြီးရပ်နေတာ...Baek ကြောက်တယ် yeol T~T"

"ဘာမှမရှိပါဘူး ကလေးရယ် မငိုနဲ့နော်တိတ်တိတ်...
ကိုယ်ရှိတယ်နော် ဘာမှမကြောက်နဲ့"

"T~T..."

Baekhyun ကြောက်တယ်ဆိုပြီးအရမ်းငိုနေတာမို့ Chanyeol တော်တော်ချော့လိုက်ရသေးသည်။

"Yeol ah..yeol ကိုအခုလိုဒဏ်ရာရအောင်လုပ်တာ Baek လားဟင်? ညကဘာတွေဖြစ်ခဲ့တာလဲ? တကယ်ဘဲ Baek က yeol ကိုအဲ့လောက်ထိဖြစ်အောင်ကိုက်ခဲ့တာလား?"

Baekhyun ဘာမှမမှတ်မိဘူးဆိုတာ Chanyeol သိသည်။ သူ့ကြောင့်ပါ လို့ပြောရင်အဲ့ကလေး ကိုယ့်ကိုကိုယ်ထပ်ပြီးအပြစ်တင်လိမ့်မယ် ပြီးတော့ သူ့ကိုခဏခဏသရဲဝင်ပူးနေတယ်ဆိုတာသိရင် အရမ်းကြောက်သွားလိမ့်မယ်
ဘာဘဲဖြစ်ဖြစ် အဲ့သရဲကိုအိမ်ထဲကမောင်းထုတ်ဖို့အရင်လုပ်ရမှာဘဲ ပြီးမှရှင်းပြတာပိုကောင်းမယ်ထင်တယ်

The Ghost DollWhere stories live. Discover now