အဖြူရောင်ဝတ်စုံအပြည့်နဲ့ ခမ်းနားနေတဲ့ ချစ်ရသူ...
ပါးနုနုမှာ ဖြန့်ခင်းထားတဲ့ နှင်းဆီခင်း...
တစ်လှမ်းချင်းလှမ်းလာတဲ့ခြေလှမ်းတိုင်းကို ရင်ခုန်မှုတွေနဲ့စောင့်ဆိုင်းရင်း....
တစ်လှမ်း.. နှစ်လှမ်း.. သုံးလှမ်း...
ရှေ့တည့်တည့်မှာရပ်ကာပြုံးပြနေသူလေး...
သူ့ pa pa လက်ထဲက လက်ဖဝါးသေးသွယ်သွယ်ကိုလက်လွှဲယူလိုက်ရင်း ဖာသာ့ကိုမျက်နှာမူလိုက်တယ်...မခွဲတော့ဘူး ဘယ်တော့မှ ဘယ်သူတွေဖြတ်ဖြတ် ဘယ်နေရာရောက်ရောက် ..
တစ်သက်လုံးမလွှတ်ပဲကိုင်ဆွဲထားမယ့် လက်ကလေး...."အနမ်းပေးနိုင်ကြပါပြီ"
နှုတ်ခမ်းပါးနုနု သွေးခြေဥမှာစိုးလို့ ခပ်ဖွဖွသာထိတွေ့ခဲ့တဲ့အနမ်း.... တစ်သက်လုံးသိမ်းထားပေးပါကလေး....
Bao လက်သွက်လှခြည်လားကွာ.. ဂျပန်ရောက်တာတောင် ၃နှစ်မပြည့်ချင်သေးဘူး baby လေးပါသယ်လာတယ်ဟုတ်လား
ဒါကတော့ အချစ်သက်သေလေကွာအော် ပြောဖို့မေ့နေတာ ကလေးမှာကျွန်တော့်ရင်သွေးလေးရှိနေပြီသလား..
ဂျပန်မှာကတည်းက အတူတူနေခွင့်ပေးခဲ့တဲ့ pa pa တို့ကြောင့်ကော... အသက်ငယ်တုန်းခံနိုင်ရည်ကောင်းတုန်း ကလေးလိုချင်ပါတယ်ဆိုပြီးဂျီကျတတ်တဲ့ နဂျီကောင်လေးကြောင့် ကလေးတစ်ယောက်အဖက်တင်လာတယ်လေ....Honeymoon လား မမွန်းနိုင်တော့ဘူး..
သူ့ကျန်းမာရေးကြောင့် အိမ်မှာနားပြီးဂရုစိုက်ရမတဲ့.."ကလေးထ ရေချိုးလိုက်ဦးလေ တစ်နေ့လုံးပင်ပန်းထားတာ လန်းသွားအောင်လုပ်လိုက်နော်"
"ဟင့်အင်း အိပ်ချင်နေပြီလို့"
"လာပါကလေးရယ် ကလေးကလိမ္မာပါတယ်နော်..ရေမချိုးလို့မရဘူးလေ ကိုယ်ဝန်ဆောင်တွေက သန့်သန့်ရှင်းရှင်းနေရတယ်"
"ဟင့်ချိုးဘူး"
"ကဲလာ ကိုကိုချိုးပေးမယ်"အတင်းပွေ့ချီလာမှ လည်ပင်းကိုသိုင်းဖက်ကာ အိပ်လျက်ပါလာသူလေး..
အပျင်းလေးပါဆို....
ကြွေဇလုံထဲအသာလေးချပေးရင်း သူ့စိတ်ကြိုက် အမွှေးရေလေးကထည့်ပေးရသေးရဲ့... စတော်ဘယ်ရီနံ့သင်းသင်း...."မျက်လုံးမှိတ်ထားနော် မျက်နှာသစ်ရအောင်"
"ကိုကို အသစ်ဝယ်ထားတဲ့ စတော်ဘယ်ရီလေးနော်"
"ဟုတ်ကဲ့ပါဗျာ"မျက်လုံးလေးတွေမှိတ်ရင်းငြိမ်ကာ ဇိမ်ခံနေတဲ့ကလေးလေး..
ဖြူဖွေးဖွေးခြေထောက်လေးတွေကို လှုပ်လီလှုပ်လဲ့ဆော့ကစားရင်းပေါ့..
ငါနော် အသည်းတွေယားတယ် မြူဆွယ်ချင်နေတာ.."ကဲလာ ညစာစားရအောင်"
အစားလား အရင်ကထက်ပိုဆိုးလာနေပြီလေ..
ဗိုက်ထဲကဟာလေးတွေကပါ သူတို့ appa နဲ့ပေါင်းလို့ စားနေကျတာ ဝေသာလီပြည် ဘီလူးကျတဲ့အတိုင်း...
စားပြီးတော့အိပ်ပြီလား No.. No.. No
အချိုတည်းသည်ဟုဆိုကာ စတော်ဘယ်ရီဖျော်ရည် နှစ်ခွက်အနည်းဆုံး..
ဒီကလေးကိုယ်တောင်သိပ်မနိုင်ချင်တော့ဘူးရယ်..
အရင်က ခပ်သေးသေးကိုယ်လုံးလေးက အခုတော့ဝက်ကလေးနီးနီးဖြစ်လာနေပြီ.."ကိုကို"
"ဗျ"
"လာဒီမှာလာထိုင်"
"TV ကြည့်မှာမလား အခွေထည့်ပေးမယ်"
"Big hero"
"ကြည့်စေဗျား"အခွေထည့်ပြီးအနားသွားထိုင်တော့
ပခုံးပေါ်အလိုက်သင့်မှီလာပြန်ရော..
ခေါင်းလေးကိုခပ်ဖွဖွဖိပေးရင်း...
သာသာလေးနမ်းရှိုက်မိပြန်တော့ သူ့အကြိုက် စတော်ဘယ်ရီအနံ့က သင်းကနဲ..."ကိုကို"
"ဗျာ"
"ကလေးလေးတွေမွေးရင်လေ"
"အင်း"
"နာမည်ဘာပေးကြမလဲဟင်"
"ကလေးကြိုက်တာပေးလေ"
"ကိုကို ပေးပေးပါ လှလှလေး"
"အင်း...ယောက်ျားလေးဆိုရင် ချိုမြိန်ဝိုင်.. မိန်းကလေးဆိုရင် ရှေးမူပိုင်.. ကဲကြိုက်လား"
"အင်း ကြိုက်တယ် ကိုကိုဘာပေးပေး ကလေးကြိုက်တယ်"
"အောင်မလေးဗျာ ချစ်ဖို့ကောင်းအောင်ချွဲပြနေပြန်ပြီ ငချွဲလေ ကဲလာ အိပ်ကြမယ် ညနက်နေပြီ"
"ခဏလေး ခဏလေး 5 min"
"No No baby.. မရဘူး အိပ်သင့်ပြီ"
"ကြည့်ဦးမှာ"စူပုတ်ကာထိုင်နေတဲ့ကလေးငယ်...
နှုတ်ခမ်းချွန်ချွန်လေးကို အသာနမ်းရှိုက်လိုက်တော့ ကော့တတ်သွားတဲ့ နှုတ်ခမ်းဖျားလေး..
သဘောကျစွာရယ်မိရင်း မအိပ်ချင်သေးတဲ့ ကလေးကြီးကို အိပ်ယာပေါ်အတင်းတင်လို့ အိပ်စေရတယ်..
အိပ်မက်လှလှမက်ပါစေကလေး....~~~~~~~~~~~~~~~♡♡♡♡♡~~~~~~~~~~~~~
A/N : Tomorrow is final...😎😎😎
![](https://img.wattpad.com/cover/78730588-288-k231744.jpg)
YOU ARE READING
My Little Cuttie Boyfriend ( Baohan Yaoi ) Zawgyin+unicode
Любовные романыBaozi is a cosplayer and high school student. One day, he meet a cute girl, call Hana, at cosplay festival. He really want to know who this girl is it. But he surrendered cause there are so many cosplayers and hardly recognize their face cause of ma...