Episode 17 final (unicode)

119 5 0
                                    

"ပိုင်!!! ဝိုင်!!!"

"ရှူး..."

အသံကြားလို့ ပြေးလာမိတယ် ဆိုဖာအောက်က အမြွှာနှစ်ယောက်ကို ခလုတ်တိုက်မိတော့ အချက်ပြတယ်  ရှူးတဲ့..

အူကြောင်ကြောင်နဲ့ ထမင်းစားခန်းကိုဝင်ကြည်တော့ ဒေါသမျက်နှာနဲ့ ကြိမ်လုံးတစ်ချောင်းကိုင်ကာ အော်ဟစ်နေသူလေ...

ဖြစ်ကြပြန်ပြီဟ..

"ကလေး ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမလဲ ကိုကို့သားတွေပေါ့ မနက် နွားနို့သောက်ရမှာစိုးလို့တဲ့ ညကတည်းက ပုလင်းတွေကိုခွဲထားတာကြည့်စမ်း ပေပွနေတာပဲ ဆေးကကတ်တွေလည်းလွှင်ပစ်ထားကြတာ.. လုပ်ချင်တာလုပ်ပြီးဘယ်သွားပုန်းနေကြလဲမသိဘူး.. ပိုင် ဝိုင် mama စိတ်မတိုချက်ဘူးနော် ခုထွက်ခဲ့"

ပြောလည်းပြော ကိုယ့်ကိုလည်းတွန်းတိုက်ကာထွက်သွားသောသူ....

အခုလားကျွန်တော့်မှာ သူတို့သားအဖတွေကြားဗျာများနေရတယ်လေ.. အမြွှာသားနှစ်ယောက်ဖြစ်တဲ့ ပိုင်နဲ့ဝိုင်ဟာ သူ့ mama  အတိုင်းဖြူဖြူဖွေးဖွေး ချစ်စဖွယ် အတိ ရုပ်ပဲတူတာမဟုတ် အကျင့်ကလည်းတူသလားမမေးနဲ့ ...
မနက်တိုင်းနွားနို့မသောက်ချင်လို့ဂျီကျတဲ့နဂျီလေးတွေနဲ့ သူ့ mama ရဲ့ရန်ပွဲကတော့မရိုးနိုင်တဲ့ မနက်ခင်းစစ်...
မတိုက်ပါနဲ့လို့ပြောတာလဲမရ...သူကျတော့မသောက်...

"အား.. ပါးပါး အီး...ဟီး.."
"ပါးပါး....အီး..."

OmO...
ဆော်ပလော်တီးကုန်ကြပြန်ပဟ...

ဧည့်ခန်းဆီအပြေးသွားတော့ ဆိုဖာဘေးမှာ မျက်လုံးကိုလက်သေးသေးလေးတွေနဲ့ပွတ်ကာငိုနေတဲ့ သားနှစ်ယောက်နဲ့ ကြိမ်လုံးကိုင်လျက် မျက်ရည်တွေဝေ့နေသော ချစ်ရသူ...
အရင် ဒီလောက်အခြေအနေမဆိုးပါဘူး....
သားတွေအနားထိုင်ချကာ ရင်ခွင်ထဲပွေ့ပိုက်ရင်းချော့မိတယ်.. ချစ်ရသူကတော့ တုတ်ကိုချကာ အခန်းထဲဝင်သွားလေပြီ...

"တိတ် တိတ် ပါးပါးသားလေးတွေကို မားမားက ဘာလို့ရိုက်တာလဲမသိဘူးနော် မားမားကတော်တော်ဆိုးတာပဲ..."
"ပိုင်က အဲ့ဆေးကြီးတွေမသောက်ချင်လို့ အင့် လွှတ်ပစ်မိတာပါ.."
"ဟုတ်တာပေါ့ ပါးသားပိုင်လေးက ဆေးမှမသောက်ချင်တာနော့်"
"ဝိုင်က ပိုင်မကြိုက်ဘူးဆိုလို့ နွားနို့တွေကိုသွန်ပစ်တာပါ"
"Aigoo ဝိုင်လေးက ပိုင်လေးစိတ်ချမ်းသာအောင်ပေါ့ဟုတ်လား.."

ခေါင်းတဆက်ဆက်ငြိမ့်တာ ထောက်ခံနေတဲ့ သားနှစ်ယောက်... အော် ဒါဟာသူတို့ရဲ့အသွေးအသက်ကလေးတွေမို့..

"ပိုင်..ဝိုင်.."

သားတွေကိုပေါင်ပေါ်ဆွဲတင်ကာ.. ခေါင်းလေးတွေကိုဖွဖွပွတ်ပေးရင်း...

"သားတို့ mama က သားတို့ကိုအရမ်းချစ်တာသိတယ်မဟုတ်လား.."
"ဟုတ်"
"ဆေးတိုက်တာ သားတို့ကျန်းမာပြီး သန်မာလာအောင်လေ မားမားက ချစ်လွန်းလို့အဲဒါတွေကို သားတို့မကြိုက်မှန်းသိပေမဲ့ဇွတ်တိုက်တာပေါ့.. မားမားကိုမချစ်ဘူးလား"
"ချစ်တယ်"
"ဒါဆို မားမားရဲ့စေတနာကိုနားလည်ရမယ်နော်"
"ဟုတ် နောက်ဆိုပိုင်လေးဆေးကတ်တွေမလွှင့်ပစ်တော့ပါဘူး"
"ဝိုင်လည်းနောက်ဆိုနွားနို့တွေမသွန်ပစ်တော့ပါဘူး"
"လိမ္မာ လိုက်တာ ပါးသားတွေက လာမားမားကိုသွားတောင်းပန်ရအောင်"

အခန်းတံခါးဝရောက်တာနဲ့ကြားရတဲ့ ရှိုက်သံတိုးတိုး အော်သူဟာ သားတွေကိုတစ်ခုခုလုပ်မိတိုင်း လူမသိအောင် ခိုးဝှက်ငိုတတ်သူလေး...

"ကလေး "
"အာ ကိုကို လာလေ"

မျက်ရည်တွေကို အမြန်သုတ်ကာ လှည့်ကြည့်လာလေသူ...
သားတွေကိုတွေ့တော့ အပြုံးဖျော့ဖျော့နဲ့လက်ကမ်းပေးလေရဲ့.. သားတွေကလည်းသူတို့ မားမားရင်ခွင်ထဲ အတင်းတိုးဝင်ရင်း တောင်းပန်ရှာတယ်...

အခုတော့လဲမနက်ခင်း စားပွဲဝိုင်းလေးကပျော်ရွှင်မှုတွေဖုံးလွှမ်းနေပြန်လေသည်...
ရယ်မောပျော်ရွှင်နေတဲ့သားတွေရယ်... ဆူတလှည့်ချော့တလှည့်နဲ့ သားတွေကိုမုန့်ကျွေးနေတဲ့ ချစ်ရသူရယ်.... ပျော်ရွှင်မှု.. ကြည်နူးမှု..ဝမ်းနည်းမှု.. အားပေးဖေးကူမှု... တွေနဲ့ ပြည့်နှက်နေတဲ့မိသားစုကလေးရယ်...
ဒါတွေအားလုံးက သူရယ် ကျွန်တော်ရယ် မျက်ရည်ပေါင်းများစွာခင်းပြီးရလာတဲ့ ဆုလာဒ်လေးတစ်ခု...

ဘာတွေဖြစ်ဖြစ်အနားမှာ အမြဲဖေးမ ပေးခဲ့တဲ့ ကလေးလေး နောက်ဘဝဆိုတာရှိရင်တောင် မင်းကိုပဲဆက်ချစ်မယ်...

မျက်ရည်တွေသုတ်ဖို့လက်တစ်စုံကိုအမြဲအသင့်ပြင်ရင်း..ပျော်ရွှင်မှုတွေကိုဖန်တီးပေးတတ်တဲ့ ကိုကို  ချစ်တယ်ဆိုတာထက်ပိုတဲ့စကားလုံးရှိရင်ပြောချင်သေးတယ်......

~~~~~~~~~~~~~~♡♡The End♡♡~~~~~~~~~~

မနက်ဖြန်ဆိုပြီး အကြာကြီးစောင့်ခိုင်းမိတာအရမ်းအားနာပါတယ်... ရောက်နေတဲ့နေရာကလိုင်းမမိလို့ပါ
Love you all...😘😘😘

Thank you for reading and voting

My Little Cuttie Boyfriend ( Baohan Yaoi ) Zawgyin+unicodeWhere stories live. Discover now