Episode 10 (unicode)

33 3 0
                                    

နဖူးပေါ်ခပ်ဝဲဝဲကျနေတဲ့ ဆံပင်လေးတွေကို အသာသပ်တင်ပေးရင်း မျက်နှာနုနုလေးကို ထိုင်ကြည့်နေရတာက လောကရဲ့နိဗာန်ဘုံ.....
လက်ဖဝါးလေးကို အသာဖိဆုပ်လိုက်ချိန်..
လှုပ်ရှားလာတဲ့ မျက်ခွံလေးတွေ....
စိုးရိမ်မှုနဲ့အတူ အနားကိုတိုးကာ လက်ကလေးကိုပိုတင်းတင်း ဆုပ်ကိုင်မိတော့ မျက်ဝန်းလှလေးတွေရဲ့ဦးတည်ရာက ကိုယ့်ဆီကို....

"Hana ဘယ်လိုနေလဲ နေလို့ကောင်းလား နာနေတဲ့နေရာကောရှိလား.."

အလောတကြီးအမေးကိုအပြုံးလေးနဲ့ ခေါင်းခါပြသူ..

"ကောင်းသွားပါပြီ baozi ရဲ့ ကိုယ်ပူရုံလေးပဲကို"
"ကိုယ်တောင်းပန်ပါတယ်  ကိုယ်သာအကြာကြီးမရပ်နေခဲ့ရင်....."

ရင်ခွင်ထဲကို သိမ်းထည့်လို့ တတွတ်တွတ်တောင်းပန်မိခြင်းနဲ့အတူ မျက်ဝန်းကမျက်ရည်တွေကလည်း အလိုအလျှောက်ကျဆင်းလာတာ တားမရဆီးမရ..

"Baozi ကြောင့်မဟုတ်ပါဘူး Hana ဘာသာရေဆော့တာကြာပြီး အဖျားတတ်လာတာပါ မငိုနဲ့တော့နော် ကလေးလေးကျနေတာပဲ.."

မျက်ရည်တွေကိုသုတ်ပေးရင်း နှစ်သိမ့်စကားနဲ့အတူ မချိုမချဉ်မျက်နှာလေးကြောင့် ဒီလူကအသည်းတွေယားလာပြန်ရော...

"Hana "
"☺"
"ကိုယ်တို့က ချစ်သူတွေဖြစ်ပြီပေါ့နော်"
"အင်း အင်းပေါ့"

ရှက်ရွံ့စွာ စောင်စကိုအသာလုံးချေနေတဲ့ လက်ဖဝါးလေးအား ဆုပ်ကိုင်လိုက်ရင်း မျက်နှာလေးကိုမော့စေကာ နဖူးထက် အနမ်းချွေရင်းပြောမိတဲ့စကားလေးက...

"အရမ်းချစ်တယ် ကိုယ့်ရဲ့ cuttie လေး"

"ပြောပါတယ် Lu hyung ရယ် သူတို့ဘာသာပြေလည်သွားပါလိမ့်မယ်ဆိုတာကို ကြားကဝင်စိတ်ပူနေတယ်"

အာကျယ်အာကျယ်နဲ့ အခန်းထဲဝင်လာတဲ့ oh sehun ကြောင့် feel လက်စလေးလည်းပျက်လို့...
သာသနာဖျက် ဖင်ကောက်ကောင် 😒😒😒

"Hana ဘယ်လိုနေလဲနေရတာသက်သာရဲ့လား"
"သက်သာပါတယ် Hannie ရ"
"Baozi မင်းငါ့သူ့ငယ်ချင်းကိုကောင်းကောင်းစောင့်ရှောက်ပါ "
"အေးပါကွာ မင်းမပြောလဲငါက စောင့်ရှောက်မှာပါ ကိုယ်ဖိရင်ဖိကိုစောင့်ရှောက်မှာ.."
"Baozi..."

---------------------------------------------------------------

ဒီနေ့ကသူတို့ရဲ့ချစ်သူသတ်တမ်း သုံးလပြည့်တဲ့နေ့ ပန်းခြံလေးရဲ့ ခုံတန်းပေါ်မှာထိုင်ရင်း စောင့်မျှော်ရချိန်တွေက ယခင်ကထက်ရှည်ကြာနေသလို ခဏခဏဖွင့်ကြည့်မိတဲ့ဖုန်းမျက်နှာပြင်လေးမှာတော့ ဘာ missed call ဘာ message မှမရှိ....
ဝဲတတ်လာတဲ့မျက်ရည်တွေကို အသာပြန်သွင်းရင်း.. ပန်းခြံဝကိုတဖန်ပြန်ကြည့်မိတယ် ဝင်လာသူမရှိဗလာနထိ..
ဖုန်းကိုနောကိတစ်ကြိမ်ပြန်ကိုင်ကာ call list ရဲ့ပထမဆုံးဖုန်းနံပါတ်လေးကိုဖိနှိပ်လိုက်ချိန်မှာကံကောင်းစွာနဲ့ဝင်သွားတဲ့ဖုန်းcall လေး....

"ဟဲလို.. ကလေး"
"ကိုကို ဘာလို့မလာသေးတာလဲဟင်"
"ကိုကို လာနေပြီ လမ်းမှာကားပိတ်နေလို့ ခဏလေးပဲစောင့်နော် ကလေးအနွေးထည်ဝတ်ထားဦး အေးတယ် ကလေးကောဘယ်ရောက်နေပြီလဲ"
"ပန်းခြံမှာ"
"Ok ok ကိုကိုလာနေပြီ ဒါပဲနော်"
"ဟုတ် ကိုကို ကားကိုဂရုစိုက်မောင်းနော်"
"အင်း bye bye"
"Bye bye"

လက်ထဲကဖုန်းကိုအသာချကာ ပါးလျှလျှအနွေးထည်ကို ရင်ဘတ်စေ့လိုက်သည်..
ကိုကိုကနွေးနွေးထွေးထွေးဝတ်လို့ပြောထားတယ်လေ...
လက်ကလေးပိုက်ကာအအေးဒဏ်ကိုအံတုနေစဉ်မှာပင် နွေးသွားတဲ့အသိနဲ့အတူ ကိုယ်ပေါ်ရောက်လာတဲ့ ခပ်ထူထူအနွေးထည်...

"ကိုကို.."

အံ့ဩဝမ်းသာမှုနဲ့အတူ ရင်ခွင်ထဲခိုဝင်လိုက်တော့အလိုက်တသိဖတ်ထားပေးသူ..

"အနွေးထည်ကိုပါးပါးလေးဝတ်လာရလားဒီကလေးတော့ ရိုက်ခံချင်နေပြီ"
"ကိုကိုနော် ကလေးကကိုကိုစောစောရောက်နေမယ်ထင်လို့ အရမ်းထူတာမဝတ်လာခဲ့မိတာပါ"
ဟုတ်ပါပြီဗျာကိုကို့အမှားပါ  ငိုထညးသေးတာလား မျက်လုံးတွေရဲနေသလိုပဲ"
"ကိုကိုက နောက်ကျတာကိုး ကိုကိုမလာတော့ဘူးထင်လို့ ကလေးကဝမ်းနည်းပြီး ငိုမိတာ"
"ဟုတ်ပါပြီ ကိုကိုတောင်းပန်တယ်နော် ကဲလာ ကလေးသွားချင်တာ လုပ်ချင်တာအကုန်ဖြည့်စည်းပေးမယ် ဒီနေ့တစ်နေ့လုံးကလေးကိုအချိန်ပေးမယ်"
"အဲဒါကြောင့်ကိုကို့ကိုချစ်တာ.. မွ"

ကလေးငယ်တစ်ယောက်လိုပြုံးပျော်နေတဲ့ကျွန်တော့်ရဲ့ cuttie.... အမြဲပြုံးနေပါ ကလေး ကိုယ်ကမင်းရဲ့ဝမ်းနည်းမှုတွေအားလုံးကိုဖျောက်ဖျက်ပြစ်မှာမို့လို့.......

~~~~~~~~~~~~~♡♡♡♡♡~~~~~~~~~~~~~~~

A/N : နောက်အပိုင်းနည်းနည်းဆို final ပြီနော်..
အခုမှလဲ up သေး ဇာတ်ကသိမ်းတော့မယ်ဆိုတော့ ရိုက်ချင်နေတဲ့လူရှိမလားသိဘူး..
ဟီးခွင့်လွှတ်ကျပါ အရမ်းရှည်ရင် ဇာတ်လမ်းက အိုင်အိုင်သွားတတ်လို့ပါ....
ကောင်းကောင်းကန်းကန်းမရေးတတ်တာလည်းပါပါတယ်...

Thank you for reading and voting
And also thanks for fb

My Little Cuttie Boyfriend ( Baohan Yaoi ) Zawgyin+unicodeWhere stories live. Discover now