Episode 13 (unicode)

43 3 0
                                    

"ဖေဖေ"
"ဟော သားလာ.. သားငယ်လေးကော"
"ပါလာပါတယ် ဖေဖေရယ်"

ကဲကြည့် ဓာတ်ပုံလေးပြဖူးထားယုံ သူ့မွေးနေ့ကရိုက်ထားတဲ့ vedio ဖိုင်လေးပြထားဖူးသေးတာကိုပဲ...
သားငယ်လေးဟု ချစ်စနိုး အမည်တပ်ကာ ပြောတတ်သော ဖေဖေ...
ဘာတစ်ခွန်းမှဝင်မပြောသော်လည်း မျက်ဝန်းတွေထဲမှာတော့ ချစ်ခင်မှုတွေအပြည့်နဲ့ ကြည့်တတ်တဲ့ pa pa ရဲ့ အချစ်ကိုလည်း ဒီကလေးရထားပြန်ပါကော....

အခုလည်း ကားသံကြားကြားချင်း အေပရွန်ကြီးတစ်ကားကားနဲ့ လာကြိုတဲ့ဖေဖေ..
သေချာတာတော့ဒီကလေးအကြိုက်ဟင်းတွေ လက်စွမ်းပြနေပြီထင်ပါ့...

"လာ သားငယ်လေး သားငယ်လေးကချစ်ဖို့ကောင်းလိုက်တာ"
"ကျေးဇူးပါ ဖေဖေ"

ကားပေါ်က ဆင်းတာနဲ့ လက်ကလေးကိုအသာဆွဲလို့ကြိုဆိုတဲ့ဖေဖေ...
ခေါင်းကို သာသာလေးဖိလိုက်ရင်း ချစ်စနိုးဆိုလာတဲ့ စကားကို အပြုံးလေးနဲ့တုံ့ပြန်ရင်း ဖေဖေ့ လက်မောင်းကိုချိတ်လိုက်သေး

"သားငယ်လေးရောက်နေပြီလား"

ခေါ်သံနဲ့အတူ အိမ်ထဲကိုအထုပ်တွေဆွဲလို့ဝင်လာတဲ့ မားမား..
အလိုက်သိလှတဲ့ ကလေးလေးကလည်း ဆိုဖာပေါ်မှာထိုင်နေရာကနေ အိမ်ဝကိုအပြေးလေးသွားကြိုလေရဲ့

"မားမား ဘယ်သွားတာလည်း"
"သားငယ်လေးလာရင်စားဖို့ စတော်ဘယ်ရီတွေသွားဝယ်တာပါတော်.."
"တကယ်.. မားမား ကိုအဲ့ဒါကြောင့်ချစ်ရတာ"

ဝယ်လာတဲ့ စတော်ဘယ်ရီထုပ်ကို လက်ထဲကနေမြှောက်မြှောက်ကြည့်ရင်း ပျော်ရွှင်နေသူ..
အိမ်မရောက်ခင်လမ်းတစ်ဝက်မှာ သူ ကြောက်လွန်းလို့ ရင်ခုန်တာကြောင့် အသက်ရှူရပ်ပါတော့မယ်ဆိုပြီး ချွဲနွဲ့ဂျီကျခဲ့တဲ့ ဂျီကောင်လေးရဲ့ပုံရိပ်ဟာ ပျောက်ဆုံးလို့...

မျက်နှာမြင် ချစ်ခင်ပါစေဆုတောင်းနဲ့ပြည့်စုံတဲ့ကလေးဟာ... သူ့မိသားစုရဲ့အချစ်ကို ပုံအောလို့လက်ခံယူနေလေပြီ

"ကဲကဲ  baby မင်းအနောက်မှာ ဟင်းအိုးတန်းလန်းကြီးနဲ့မဟုတ်လား နောက်မှစကားဆက်ပြောတော့ ဟင်းကိုပြီးအောင်ချက်ဦး"
"ဟုတ်သားပဲ သားငယ်လေးခဏ စောင့်ဦး
သားအကြိုက်ဟင်းတွေ ဖေဖေ ဆက်ချက်လိုက်ဦးမယ်"
"သားငယ်လည်း ကူပေးမယ်လေ"

My Little Cuttie Boyfriend ( Baohan Yaoi ) Zawgyin+unicodeWhere stories live. Discover now