Episode 14 (unicode)

33 3 0
                                    

"ကလေး"

မော်ကြည့်လာတဲ့မျက်ဝန်းတစ်ဝိုက်မှာ ဝေ့သီနေတဲ့ မျက်ရည်စတွေကိုအသာအယာ သုတ်ပေးလိုက်ရင်း ပြုံးပြမိတဲ့ကိုယ့်အပြုံးမှာလည်း ဝမ်းနည်းမှုတွေပါနိုင်ကောင်းပါနိုင်ပေမဲ့ ဖုံးကွယ်နိုင်သလောက်ဖုံးကွယ်ရင်း ရင်ခွင်ထဲထည့်ကာပွေ့ဖက်ထားမိတယ်
၁နှစ်လား ၂ နှစ်လား ဒါမှမဟုတ်ဘယ်လောက်တောင်လဲ သေသေချာချာရေရေရာရာမသိနိုင်တဲ့အချိန်အတိုင်းအတာ တစ်ခုအထိ ဒီကလေးကိုဘယ်လိုထားခဲ့ရက်မလဲ...
အမြဲတမ်းအားငယ်တတ်တဲ့သူ့ကို ဘယ်သူကအားပေးကူညီပါ့မလဲ...

"ဟင့်.."
"ကလေးရယ်"

ရှပ်အင်္ကျီရင်ဘတ်တစ်လျှောက်စိုစွတ်စွတ်အထိအတွေ့နဲ့ အတူ ထိန်းမထားနိုင်တော့တဲ့
ရှိုက်သံလေးတစ်ခုကလွင့်ခနဲ့..

ချစ်စနိုးခေါ်တဲ့ နာမ်စားလေးကိုမချိတင်ကဲရေရွတ်မိရင်း
ပခုံးလေးကိုထိန်းကိုင်လိုက်တော့ ခါးမှာဖတ်ထားတဲ့လက်တွေက ပိုတင်းကျပ်သွားရင်း ရင်ခွင်ထဲမြုပ်နေအောင်တိုးဝင်လာသူ...
ဘယ်လိုစိတ်နဲ့ ဒီကလေးကိုခွဲသွားရက်မလဲ

"ခဏပါပဲ ကလေးရယ်..
ကိုကိုနဲ့ကလေးအတွက်လေ ကိုကို ဒီလို..."
"ဟင့်အင်း ကလေးက ကလေးက... ဟင့်.. "
"ကျွတ်.. ကိုကိုပြောတာကိုနားထောင်ဦးကလေး ဒါတွေအကုန်လုံးကလေးအတွက်လေ... ကလေးရဲ့မားမား သဘောကျလာဖို့အတွက် ကိုကိုကအရာရာမှာပြည့်စုံဖို့လိုတယ်..
ကလေးကိုဝိုင်းကဲ့ရဲ့မယ် စကားသံတွေကို ကာကွယ်ဖို့ ကိုကိုကအမြင့်ဆုံးရောက်နေမှဖြစ်မှာလေ ကလေးဘာကြောင့်နားလည်မပေးနိုင်တာလဲကွာ
"ဟင့်အင်း ကလေးကို ကိုကိုကာကွယ်ပေးစရာမလိုပါဘူး ကလေးကိုယ့်ဘာသာ ကာကွယ်တတ်တယ်.. ကလေးအနားမှာကိုကိုရှိနေပေးမှဖြစ်မှာမို့..."
"တော်တော့ကလေး...
မင်းတွေးသလောက်လောကကြီးက မရိုးရှင်းဘူးကွ လူတွေကိုယ်တို့ကိုဘယ်လိုနှိမ်ချဆက်ဆံဖို့စောင့်နေသလဲသိလား..မပြောပဲနေတာ မပြောချင်လို့မဟုတ်ဘူး pa pa တို့အရှိန်အဝါကိုကြောက်လို့ မပြောပဲနေကြတာ အေး pa pa တို့ကလည်း ဘယ်လောက်အထိကာကွယ်ပေးနိုင်မှာလည်း သူတို့လည်းပြဿနာများစွာရင်ဆိုင်နေရဆဲပဲလေ... ဒါကြောင့်ကလေးကိုကာကွယ်ဖို့က ကိုကို့တာဝန်ပဲ"
"ကျေးဇူးတင်ပါတယ်ကိုကို ကလေးကိုအရမ်းချစ်ပေးခဲ့လို့ ကိုကိုစိတ်ချလက်ချသာသွားပါ ပြီးတော့...ပြီးတော့...ကလေးကိုပါမေ့လိုက်ပါ"

My Little Cuttie Boyfriend ( Baohan Yaoi ) Zawgyin+unicodeWhere stories live. Discover now