Part:3

3.1K 187 28
                                    

သွယ်ငြိမ့်ငြိမ့်လွင် သူမ၏ဆံပင်ရှည်များအား dryer ဖြင့်ခြောက်သွေ့စေရင်း မနေ့ကအဖြစ်အပျက်များကိုပြန်လည်မြင်ယောင်လာသည်။phထဲသို့ကြည့်နေရင်း လင်း တစ်ခုခုဖြစ်သွားတာကို သွယ် သတိထားမိသည်။အချိန်အကြာကြီးလည်းငိုင်နေခဲ့သည်။ "ဘာဖြစ်လို့လဲ လင်း"ဟုမေးပြန်တော့လည်း တစ်ခွန်းတလေမှမဖြေပဲ သူမကိုပင်နှုတ်မဆက်ပါပဲထပြန်သွားသည်။ လင်း၏ပုံစံကလုံးဝအသက်မပါသူတစ်ယောက်လို။ဖေဖေရောက်လာ၍ ကျွန်မလည်းလိုက်ခေါ်ချင်ပေမယ့် မခေါ်ဖြစ်ခဲ့။ဘာအကြောင်းကြောင့်ဆိုသည်ကိုတော့သွယ်စဉ်းစားလို့မရ။အချစ်ရေးလား?ဖြစ်နိုင်သည် ပုံမှန်ကြည့်လျှင်လင်းသည် မာနကြီးသော်ငြားပျော်ပျော်နေတတ်သည်ကို ပေါင်းကြည့်လျှင်သိနိုင်သည်။ထိုကဲ့သို့သော လင်း ကီယခုလောက်ထိစိတ်ထိခိုက်သွားရသည့်အကြောင်းအရင်းမှာ ဒီတစ်ချက်သာရှိသည်။အခြားအကြောင်းများတော့မဖြစ်နိုင်။ထိုသို့တွေးမိလေသော သွယ့် ရင်တွေမွန်းကြပ်လာရသည်။ဒါကရောဘာကြောင့်ပါလဲ?မစဉ်းစားချင်တော့သည်မို့ခေါင်းခါမိလိုက်သည်။
နှစ်ကြိမ်လောက်တွေ့ဆုံဘူးရုံနှင့် သွယ့် အတွေးထဲ လင်း ဆိုသောမိန်းကလေးတစ်ယောက်က နေရာ တော်တော်ကိုယူထားသည်မှာ သိပ်တော့မဖြစ်သင့်သည့်ကိစ္စတစ်ခုပင်ဖြစ်လေသည်။

"daughter"
"daddy"
 
အခန်းထဲကိုခေါင်းပြူကြည့်ရင်းဖေဖေကပြုံးပြလေသည်။
"မောင် ပြည့်စုံလျှံက ဒီနေ့လာခေါ်မယ်တဲ့ သမီးနဲ့နေ့လည်စာအတူတူစားချင်လို့တဲ့ ဖေဖေ့ဆီမှာphဆက်ပြီးခွင့်တောင်းလေရဲ့ သမီးပြင်ဆင်ပြီးအဆင်သင့်စောင့်နေလိုက်ဦး"
"ဟုတ်ကဲ့ daddy"

ကျွတ် ဒီလူဟာလေ အရှက်မရှိဘူးလား? တမင်phမကိုင်သည်ကိုမသိတာလည်းမဟုတ်လေတန် သူသည်လည်း ထက်မြတ်သည့်ယောင်္ကျားတစ်ယောက်။ဖေဖေ့စကားထဲမှာ သွယ့် Phကဆက်မရလို့ဟူသည့်စကားမျိုးနှင့်ဆင်တူသည့်အကြောင်းအရာလည်းမပါ ဒီအချက်ကြောင့်ပိုသေချာသည်။ ဖေဖေ့phကိုပင်ဆက်ရလေသလား ကိုပြည့်စုံလျှံ?လူကြီးတစ်ယောက်ပဲဆိုပြီး နည်းနည်းလေးများ အားနာစိတ်လေးမရှိဘူးလား?စိတ်ရှုပ်ဖို့ကောင်းလွန်းတယ် ကိုပြည့်စုံလျှံ။
>>>

"မ" သည်သာကျွန်မရဲ့ ထာဝရ "အချစ်Where stories live. Discover now