part:12

6.3K 216 52
                                    

ပုံမှန်ထက်စောစောထ ရေချိုးပြီးသည်နှင့် မှန်ရှေ့မှ မခွာတော့သော ကျွန်မအား ကျွန်မမောင် ရှိုင်း သည်ပင် မျက်စိနောက်နေပုံရသည်။

မနေ့ကညနေ မြကျွန်းသာမှအပြန် ရွှေမုဌောဘုရားသို့ဝင်…နောင်တစ်ချိန် မောင်နှင့်အတူရင်ဆိုင်ရမည့် အနာဂတ်လမ်းသာယာဖြောင့်ဖြူးစေရန်  ကုသိုလ်ကောင်းမှုများပြုလုပ်ရင်း မောင်နှင့်အတူ ထိုကုသိုလ်ထုအတွက်အမျှဝေခဲ့ကြသည်။
ဆုတွေ တောင်းခဲ့ကြသည်။

"မေမေ သမီး အပြင်သွားဦးမယ်"

"ဘယ်လဲသမီး"

"မနွေးရေ မနေ့က သူ့သူငယ်ချင်း မေမြတ်မွန်လား ph ဆက်ခေါ်နေတာတော့ကြားမိတယ်။ကျောင်းမတက်ခင် ထုံးစမ်းအတိုင်း လျှောက်လည်ကြမလို့နေမှာပေါ့"

လေးလေး စကားဆို အကြွင်းမဲ့ယုံကြည်သည့် မေမေသည် ဆက်မေးမြန်းခြင်း မပြုတော့ပဲ စားလက်စ မုန့်ဟင်းခါးကိုသာ ဆက်စားနေသည်။

လေးလေးအား ကျေးဇူးတင်သည့်အနေဖြင့် အစွမ်းကုန်ရယ်ပြရင်း ကိုရီးယားဆန်ဆန် debak တောင်လုပ်ပြလိုက်မိသည်။

ရှိုင်းကလည်း သူသိနေသည့်အကြောင်း ကိုရီးယားဆန်ဆန်ပင် လက်ညိုးနှင့် လက်ခလယ်အား သူ့မျက်လုံးဖက်သို့ထိုးပြပြီး ထိုလက်နှစ်ချောင်းကိုပင် ကျွန်မဘက်သို့ပြန်ထိုးပြသည်။
ပါးစပ်ကလည်း "ကြည့်နေကြည့်စား" ဟု ပြောလိုက်သေးသည်။

ကျွန်မသည်လည်း လျှာပြန်ထုတ်ပြလိုက်ရင်း ဆိုင်ကယ်သော့လေး လှည့်ကာလှည့်ကာဖြင့် အပြင်ဖက်သို့ထွက်ခဲ့သည်။

ဒီနေ့မှ အိမ်ရှေ့ကပန်းတွေကသိပ်လှတယ်။

>>>>>>>>>>>>>>>>>>>
ရွှေဝတ်မှုံ (၁) လမ်းမှ ဦးလေးအိမ်တွင်တည်းနေသောမောင့်ကို ကျွန်မသွားခေါ်ရသေးသည်။
မနက် ၇ နာရီချိန်းထားသည်မို့ ခရီးပန်းနေသည့်ကြားထဲ စောစောများထရလို့ အဆင်ပြေမလားတွေးပူခဲ့ပေမယ့် လမ်းထပ်တွင်ရပ်စောင့်နေသော မောင့်မျက်နှာကတော့ အဝေးကမြင်ကတည်းကပင် လန်းဆန်းနေသည်ကိုခံစားရသည်။

ယခင် ရှိရင်းစွဲ အလှတရားဖြစ်သော မျက်ဝန်းနက်နက် မျက်ခုံးနက်နက်များနှင့် မေးရိုးထင်းထင်း မောင်သည် အရွယ်အရ ပိုမိုပင် ယောင်္ကျားပီသလာသည်။နဂို ဖြူဝင်းသော အသားအရေသည် အဖြူရောင်လည်ကတုံး နီညိုရောင် ယောပုဆိုးဖြင့် မိန်းကလေးတိုင်း၏စိတ်အစဉ်ကို ဆွဲဆောင်နိုင်သည်ဟု ကျွန်မထင်သည်။

You've reached the end of published parts.

⏰ Last updated: Oct 19, 2017 ⏰

Add this story to your Library to get notified about new parts!

"မ" သည်သာကျွန်မရဲ့ ထာဝရ "အချစ်Where stories live. Discover now