တစ်ယောက်သောသူနှင့် ချိန်းထားသည်မို့ မိုးလင်းကတည်းက အချိန်တွေစောင့်စားရင်း အလှပြင်ချင်နေတဲ့ ယွစိယွစိခံစားချက် ဆိုတာမျိုးကို ကျွန်မ သွယ်ငြိမ့်ငြိမ့်လွင် အသက် ၂၂ နှစ်အရွယ်မှ ပထမဆုံးအကြိမ် ခံစားမိသည်။မနေ့ညက လင်းက ကျွန်မနဲ့ တွေ့ဖို့ ph ဆက်ခေါ်ခဲ့သည်။
နောက်ပြီး လင်း သွားချင်တာက ရွှေတိဂုံဘုရားတဲ့။
ကျွန်မမွေးနေ့မှာ မသွားလိုက်ရလို့ အတူတူ သွားချင်တယ်လို့လည်းပြောသေးသည်။
လင်း နဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတစ်ခုကိုကျွန်မစိတ်ထဲမှတ်ထားလိုက်မိသည်။
လင်းမှာအစားပြန်ပေးတတ်တဲ့ စိတ်ဓာတ်မျိုးလေးရှိတယ်။
ဒီတစ်ကြိမ်မှာတော့ ရွှေတိဂုံဘုရားရှေ့မှာ အရင်ရောက်နေနှင့်တာ လင်း။
ကားပေါ်မှာတင်ရှိသေးသည်မို့ အမြန်ရောက်ချင်စိတ်ကတားမရဆီးမရ။
ကားကြပ်နေတာကိုပဲ အပြစ်တင်ရမလား။ဒီလိုလည်းမဟုတ် ရန်ကုန်မှာ ကားကြပ်တာအဆန်းမှ မဟုတ်ပဲ။
ဒါဆို စောရောက်နေတဲ့ ဟိုအမျိုးသမီးပေါက်စကိုပဲ အပြစ်တင်ရမလား။
မသိဘူး။ကျွန်မသိတာ သူ့ကို မစောင့်စေချင်ဘူး။
>>>>>ကိုယ်က ထမီ ရင်ဖုံးအင်္ကျီ ပုဝါ ဘေးလွယ်အိတ်နဲ့ ဆံပင်ရှည်ကို တစ်လွှာစည်းပြီး ကျော့နေအောင် ပြင်လာချိန်မှာ လင်းက ဆံပင်ကိုခပ်မြင့်မြင့်စည်းနှောင်ထားရင်း လုံးဝကိုပေါ့ပေါ့ပါးပါး။
လက်ထဲမှာ ph တစ်လုံး နဲ့ နားကြပ်ပဲပါလာတာ။ပိုက်ဆံတွေဘာတွေ ဘယ်လိုယူလာပါလိမ့်။
ကလေးတစ်ယောက်လို ကိုယ့်ဆီပြေးလာလေတော့ အခုခေတ် မိန်းကလေးတွေ ဝတ်နေကြတဲ့ သုံးလွှာစကပ်အောက်မှာ ပေါ်နေတဲ့ ခြေစလုံးဖွေးဖွေး။
ဘုရားရေ!!!
"သွယ်ရေ တမင်ကို စောစောလာခဲ့တာ"
"လင်းရယ် မပြေးပါနဲ့လားကွယ် ရှင်လေး ခြေတော်က ပေါ်တော်မူနေတာ"
"သြော် ဒါလား ပူလို့ သွယ် ရဲ့ ဟီး"
ဗုဒ္ဓေါ!!
သွားလေးဖြဲပြီး ပြောလိုက်တဲ့စကားက မိန်းကလေးချင်းဆိ်ုပေမယ့် တစ်ကိုယ်လုံးဖိန်းဖိန်းရှိန်းရှိန်းကိုဖြစ်သွားစေတာ။
ကျွန်မ အပေါင်းအသင်းမများလို့ နေမှာပါလေ။
YOU ARE READING
"မ" သည်သာကျွန်မရဲ့ ထာဝရ "အချစ်
RandomAbout Story တစ်ချိန်က "မ" တစ်ဖြစ်ကျွန်မက မိန်းမဆန်လွန်းသူ"မ" ကိုရင်နင့်အောင်ချစ်မိသွားခြင်း...... #လင်းလက်သွယ် အရာအားလုံးကိုစွန့်လွှတ်ပြီး"လင်း"ကိုရွေးချယ်လိုက်ချင်ပေမယ့် "လင်း"ရဲ့လက်ကိုတွဲပြီးအားလုံးနဲ့ဝေးရာကိုထွက်ပြေးလိုက်ချင်ပေမယ့် "မ" မယုံကြည်နို...