Part:10

2.6K 162 7
                                    


1 year anni တွင် မောင်နှင့်အတူရှိနေခွင့်မရတော့။

ပြန်ခါနီးမို့ မအားသည့်ကြားကပင် နေ့တိုင်းလိုလိုတွေ့ဖြစ်ကြသော်လည်း ကတောက်ကစနှင့် ကျွန်မတို့နှစ်ယောက်ဆက်ဆံရေးသည် အပျက်ဘက်သို့သာ ဦးတည်နေခဲ့သည်။

သို့သော်လည်း တွယ်ဆက်ထားသည့် သံယောဇဉ် ဟူသော စိတ္တဇနာမ်တစ်ခုကြောင့် မောင်ရော ကျွန်မရော သည်းခံမှုတွေနှင့်သာ။

သည်းခံမှုတွေကြားမှာ သံသယများရောယှက်လျှက် ကျွန်မသည် မောင်၏ တောင်းပန်မှုတွေအား စိတ်ရင်းနဲ့မဟုတ်ပါလား ဟူသော အတွေးမျိုး ကြီးစိုးကာ တစ်ကိုယ်တည်းကမ္ဘာပျက်မတတ် ကယ်သူမဲ့နေခဲ့သည်။

မေမြတ်မွန်ကိုရင်ဖွင့်နိုင်သော်လည်း ကျွန်မအပူကို မည်သူ့ကိုမျှ မကူးစက်စေချင်သည်မှာ ဖေဖေ့အမွှေ တစ်ခုအဖြစ်ပါလာခဲ့သည်။

တစ်နှစ်ကာလနီးပါးဖြတ်ကျော်လာသောတစ်လျှောက်တွင် အတ္တမာန ကင်းမဲ့စွာကျွန်မတို့လက်တွဲလာခဲ့ကြသည်။နားလည်မှုဆိုသည့် တံတားလေး တစ်ခုပါဖြည့်စွတ်လို့ပေါ့။

ဘယ်သူတွေကြားဝင်ဖြတ်ပါစေ မောင်နှင့်ကျွန်မ မဝေးနိုင်ဟု တစ်ထစ်ချယုံကြည်ခဲ့သော်လည်း လက်တွေ့တွင် ထိုခံယူချက်သည် ပြာမှုန်များအဖြစ် လောင်ကျွမ်းသွားလေပြီလား?

ဘယ်အရာတွေက စတင်မှားခဲ့ပါသနည်း?

အချစ်တစ်ခုကိုသာပေါပေါသီသီပေးခဲ့ပြီး နွေးထွေးမှု ယုယမှု များမပေးခဲ့သော တာဝန်မကျေခဲ့သည့်ကျွန်မလား?

သို့တည်းမဟုတ်…

ချစ်ခြင်းတွင်လိုအပ်သော သစ္စာတရားအား ဖောက်ပြားခဲ့ပါသော မောင်လား?

အတ္တဆန်စွာပေးထားသော အချိန်တစ်လပြည့်ပါလျှင် အရာရာကိုဆုံးဖြတ်ပိုင်ခွင့်ကျွန်မမှာရှိနေသည်။

>>>>>>

" လင်း ပုသိမ်ကိုပြန်ရတော့မယ်"

ကြားရသော စကားကြောင့် နှလုံးသားတစ်နေရာကနာကျင်သည်။ လစ်လာမှုအပိုင်းအစအား ကြိုတင်ခံစားရသည်။
သို့သော် အပြုံးနှင့် နှုတ်ဆက်ခဲ့ပါသည်။
စိတ်ရင်းနှင့် ဂုဏ်ပြုမိပါသည်။
လင်းသည် ကျွန်မပိုင်ဆိုင်သော အရုပ်တစ်ရုပ်မှ မဟုတ်ပါပဲကွယ်။

"မ" သည်သာကျွန်မရဲ့ ထာဝရ "အချစ်Where stories live. Discover now