" တံခါးဖွင့် ! Bona !! မြန်မြန် တံခါးဖွင့် "
အိမ်တံခါးကို လေဆင်နှာမောင်း တိုက်သလို တဝုန်းဝုန်း ထုရိုက်နေသံက ကျွန်တော့်ရဲ့ လှုပ်ရှားမှုတစ်ချို့အား ကယောင်ကတမ်း နှေးကွေးသွားစေတာလား
ဒါမှမဟုတ်၊ အားကိုးဖော်ရှာတွေ့သွားတဲ့ သူမ ခွန်အားတွေသည်သာ ကျွန်တော့် လက်မောင်းများကြားမှ ရုန်းထွက်ဖို့ ထိုက်တန်သွားသလားကူဖော်လောင်ဖက် အသည်းအသန် လိုအပ်နေသူနှယ် ကျွန်တော့်ဆီမှ ရုန်းထွက်၊
တံခါး ပြေးဖွင့်ပေးပြီးပြီးချင်း သူမ ရင်ဆိုင်လိုက်သော မျက်နှာတစ်ခုကို အတွေ့။
ရုတ်ချည်းဆိုသလို ချုံးပွဲချအော်ငိုပါလေတော့ရဲ့။ပျာပျာသလဲ ဖြစ်သွားတဲ့ မျက်ဝန်းများထဲ အံသြမှု။ ထို့နောက် ဒေါသတွေ။
ဒီနေရာမှာ အဆိုးဆုံးတိုက်ဆိုင်မှုက အဲ့ဒီ မျက်ဝန်းတစ်စုံကို ကျွန်တော် စိတ်ပျက်ဖို့ကောင်းစွာ ရင်းနှီးနေခဲ့တယ်ဆိုတာ။" ဘာလုပ်လိုက်လို့လဲ?
Bona ... ကိုယ့်ကို ပြော ...
သူ မင်းကို ဘာလုပ်လိုက်လဲ? ဟမ်? "ငိုနေတဲ့ကောင်မလေးရဲ့ လက်မောင်းနှစ်ဖက်အား အသာ ဆုပ်ကိုင်၊ မျက်နှာကို ဂရုတစိုက် ငုံ့ကြည့်ပြီးကာမှ ဖြေသံ မကြားရသည့်အခါ သူ့ရဲ့ ဒုတိယ ဦးတည်ရာက ကျွန်တော် ဖြစ်ခဲ့သည်။
" ငါ ဘာမှမလုပ်ရသေး.... "
ဖြေရှင်းချက်လေးပင် ပြီးဆုံးအောင် နားစွင့်မထောင်ဘဲ သူ့ရဲ့ သံမဏိလက်သီးက ကျွန်တော့်မေးရိုးတည့်တည့်သို့ ခွက်ခနဲ။
ခံတပ် ပျောက်ဆုံးလျက် အနောက်သို့ ယိုင်နဲ့သွားခြင်းအား ရက်ရက်စက်စက် အခွင့် ကောင်းယူ၍ ဒေါသအခဲမကြေစွာ နောက်တစ်ကြိမ် ထပ်လို့ မေးစေ့အောက်သို့ တိုက်စစ် ဆင်ပြန်တော့ ကြမ်းပြင်ပေါ် ဝုန်းခနဲ လဲကျသွားရုံကလွဲပြီး မရှိ။" မင်းက ဒီလိုအောက်တန်းကျတဲ့ကောင်လား ဟေ့ကောင် ?! "
သွေးစွန်းသွားတဲ့ နှုတ်ခမ်းထောင့်စွန်းဆီ လက်ခုံနဲ့ ဖိသုတ်ရင်း ကျွန်တော် အောင့်သက်သက် ရယ်မောမိ၏။
" အေးလေ ... မင်းက အထက်တန်းစားထဲကမှ မဟုတ်ခဲ့တာပဲ ... ဟိုးအရင်ကတည်းက "