" ပြောတော့ဖြင့် ငါ့ညီမရှေ့ ထပ်မပေါ်လာတော့ပါဘူး ဆိုပြီး !!! လူလိမ်ကောင် !
တကယ် သတ်မယ် ... ငါကိုယ်တိုင် အဲ့ကောင်ကို သေအောင် သတ်ပစ်မယ် ...!!!
ဟဲ့ နင် မြန်မြန် မပြောဘူးလား Sae Yuna !? အဲ့ကောင် ခုဘယ်မှာ ရှိနေလဲဆို !?!? "ကျောပိုးအိတ်ကို ကျစ်ကျစ်ပါအောင် ဖမ်းဆွဲ၊ ဟိုဘက်ဒီဘက် လှုပ်ယိမ်းပြီး ကြီးနိုင်ငယ်ညှင်း နှိပ်စက်နေတာတောင် ကျေးဇူးရှင်မလေးက ဇွဲကောင်းကောင်းနဲ့ သစ္စာစောင့်သိနေမြဲ။
" ငါက ရူးနေလို့ ကိုကို ဘယ်မှာရှိလဲ နင့်ကို ပြောပြရမှာလား ?!
Yahhhh !!!! ကျောပိုးအိတ်ကို မဆွဲထားနဲ့ !!!! လွှတ် !!!! "စူးစူးဝါးဝါး အာခေါင်ခြစ် အော်သံများက နားစည်ပင် ကွဲလုနီးနီး။
သူမက ဆောင့်ရုန်းလေလေ ကျွန်မက လက်နှစ်ဖက်ဖြင့် ပိုပြီး တင်းတင်းဆုပ်ကိုင်ထားလေလေ။" ဟိုကောင် Nam Woohyun ဘယ်မှာရှိသလဲ မပြောသရွေ့ ငါ ဒီလက်ကို လုံးဝမလွှတ်ဘူး "
" အေး ငါကလည်း သေတာတောင် မပြောဘူး "
ကျောပိုးအိတ်ကနေ လက်ဖယ်၊ မှီရာ ဆံပင်အဖျားတွေအား လက်နှစ်ဖက်နဲ့ တစ်ဖန် ထွေးညှစ်လိုက်၏။
" အားးးးး Sae Bona !!!! "
" မြန်မြန်ပြောနော် !!!
မပြောရင် နင့်ကိုပါ သတ်ပစ်မှာ !!!! "သူမ အားက ကျွန်မ အားထက် အနည်းငယ် ပိုသန်သွားတဲ့အခါ ကြမ်းပြင်ပေါ် ဘုန်းခနဲ ဆောင့်အတွန်းခံလိုက်ရသူဟာ ကျွန်မ ဖြစ်ပြီး
" အမေရေ ဒီ မိန်းမ သမီးကို လာနှိပ်စက်နေတယ် " ဟု အာပြဲကြီးဖြင့် ကုန်းအော်သူဟာ သူမ ဖြစ်နေခဲ့ရဲ့။" နင့်မှာ အရှက်မရှိဘူးလား?
လူတွေအများကြီးရှိတဲ့ကော်ဖီဆိုင်ထဲမှာတောင်?
ငါလေ နင့်ကိုရော ဟိုကောင့်ကိုရော တကယ် အံ့သြလွန်းလို့ မဆုံးဘူးသိလား "" အံသြလို့မဆုံးတာလား? မနာလိုလို့မဆုံးတာလား? "
" ဘာ !? "
ကြမ်းပြင်ပေါ်ကနေ ပြန် ကုန်းထရင်း မျက်မှောင်တန်းများ ညစ်ထွေထွေ တွန့်ချိုးလိုက်ချိန်
Yuna နှုတ်ခမ်းကြီးက အရှေ့သို့ တစ်တောင်လောက် ထော်လန်ထွက်လာသည်။