Chapter . 12

1.1K 140 36
                                    

အိခနဲ နစ်ဝင်သွားသော မွေ့ရာပေါ် ခြေပစ်လက်ပစ် ထိုင်ချရင်း လက်ချောင်းများနဲ့ ဦးဆုံး ထိတွေ့မိသည်က ခပ်ပါးပါး အောက်နှုတ်ခမ်းသား။

ထူးဆန်းစွာ
ရင်တွေ ခုန်မနေခဲ့ဘူး။

"သူ.... ငါ့ကိုနမ်းလိုက်တယ်"

နားလည်ပြီးသား အဖြစ်အပျက်တစ်ခုကို တည်ငြိမ်သူ အယောင်ဆောင်နေသည့် ဤ နှလုံးသားများ ကြားသွားလိုကြားသွားငြား ဟု
ခပ်တိုးတိုး အစ ဖော်ပေးမိ၏။

အနည်းငယ်တောင် လှုပ်ခတ်မလာ။

( မီးရှူးမီးပန်းတွေ နှစ်ဆ ပိုလှမလှ
စဉ်းစားထားနော် )

အတွေးပုံရိပ်များအား မတရားသော နည်းဖြင့် ခြောက်လှန့်သည့် ပါးချိုင့်ကလေးနှစ်ပွင့် တစ်ဖန် ပြန်လည် အသက်ရှင်ခွင့်တောင်းတော့ ခေါင်းအုံးနဲ့ မျက်နှာကို အတင်း ဖိပိတ်၊ အိပ်ရာပေါ် ဝုန်းခနဲ ပစ်လှဲချမိသည်။

"ဟင့်အင်း မစဉ်းစားဘူး... မစဉ်းစားချင်ဘူး"

အရူးတစ်ယောက်လိုမျိုး ကုတင်ထက် ဟိုလှိမ့်ဒီလှိမ့်လုပ်လို့ ဖမ်းယူမိသော အာရုံစုစည်းမှု။

ကံမကောင်းစွာပဲ ည ပိုနက်လာလေလေ
အာရုံတွေ ပိုပျံ့ကျဲသွားလေလေ။

( မနက်ဖြန် ပိတ်ရက်မှာ ရုပ်ရှင်သွားကြည့်ကြမယ် ) ဟူသည့်
အမိန့် မမည်၊ တောင်းဆိုချက်လည်း မဟုတ်သော လေသံတစ်ခုက
စိတ်ဝိညာဉ်အလုံးစုံအား မနက်ခင်းရောက်သည်အထိ ခြောက်လှန့်နေလိမ့်မလား၊ စိုးရိမ်၏။

ရင်တွေပဲ ထိန်းမရအောင် တလှပ်လှပ် ခုန်ပစ်လိုက်ချင်ရဲ့။ ဒီလို အနေခက်မှုကြီးကိုတော့ ကျွန်မ တကယ် အရမ်းမုန်းတီးလိုက်တာ။

*💌 မနက်ဖြန်တွေ့ကြမယ်နော် 💌*

သေချာပေါက် မဖြစ်မနေ ပြုကို ပြုလုပ်ရမည့် ထိပ်တန်း တာဝန်တစ်ရပ်အလား
Message ပင် တစ်ကူးတစ်က လှမ်းပို့၍ သူက အသိပေးနေသေးသည်။

( ငါလည်း

မင်းရဲ့ ကိုယ်ရေးကိုယ်တာ ဖြစ်ခွင့် မရှိဘူးလား )

Liar (Completed)Where stories live. Discover now