Starry Night
~~~Zawgyi
Yoonaတစ်ယောက်Jessicaနဲ့အတူလေဆိပ်မှာ
Krystalကိုလာကြိုကြလေသည်။ Jessicaက
Yoonaရဲ့နောက်မှာရပ်နေသည်။သိပ်မကြာခင်Krystalထွက်လာလေသည်။ Yoonaကိုမြင်တာနဲ့ခရီးဆောင်အိတ်ကိုဆွဲကာ
ပြေးလာပြီးအားရပါးရဖက်လိုက်သည်။Krystalပြေးဖက်တာကြောင့်Yoonaလည်း
ရပ်နေရာကနောက်ကိုယိုင်ပါအင့်ခနဲဖြစ်သွားသည်။၂နှစ်တောင်ခွဲနေရတာမို့Krystalသူ့ကိုအတော်
လေးလွမ်းနေသည်လေ။ သူမပြုံးကာပြန်ဖက်လိုက်
ပြီးKrystalကသူမကိုနမ်းမယ်အလုပ်"အဟမ်း..Jung SooJung-shi"
"Oops! Unnieလိုက်လာတာလား"
JessicaကိုYoonaနဲ့ကွယ်နေတာကြောင့်မမြင်
လိုက်ခြင်းဖြစ်သည်။ အဲ့တော့မှKrystalလည်း
Yoonaကိုခွာကာသူအစ်မကိုဖက်လိုက်လေသည်။
Jessicaလည်းပြန်ဖက်ရင်း"Unnieရဲ့SooJungလေးအဆင်ပြေရဲ့လား"
"ပြေပါတယ်Unnieရယ်~ညီမလေးကUnnie
ကိုပဲစိတ်ပူနေတာ""ကျွန်တော်မျိုးမတစ်ယောက်လုံးရှိတာတောင်ရှင်လေး
ကစိတ်ပူနေတယ်ပေါ့""ဟီး..အဲ့လိုဟုတ်ပါဘူး~ဒါနဲ့Unnieဘယ်လိုလုပ်
အပြင်ထွက်လာတာလဲ?""Yoongခေါ်ထုတ်လာခဲ့တာ"
"တကယ်အဆင်ရောပြေရဲ့လားUnnieရယ်?"
Jessicaသူ့ညီမမျက်နှာလေးကိုကိုင်ကြည့်ရင်း
"ငါ့ညီမလေးချောလာလိုက်တာ"
"Unnie ညီမပဲလေ"
"ကဲ...ညီအစ်မနှစ်ယောက်အလွမ်းသယ်တာပြီးရင်
သွားကြရအောင်""အင်းပါ"
"ကလေးစုတ်!"
YoonaပြောပြီးKrystalခေါင်းလေးကိုပုတ်
လိုက်ကာအိတ်ကိုဆွဲရင်းအရှေ့ကထွက်သွားသည်။
Krystalလည်းမျက်စောင်းထိုးကာသူ့အစ်မလက်
ကိုဆွဲရင်းလိုက်သွားလေသည်။ကားပေါ်ရောက်တော့Jung Sisနှစ်ယောက်က
နောက်ခန်းမှာအတူထိုင်ကာYoonaကကားမောင်း လေသည်။Jessicaကြောင့်Yoonaကိုယ်တိုင်ကား မောင်နေခြင်းဖြစ်သည်။
YOU ARE READING
Starry Night
Fanfiction♥ ကြယ်တွေကို မမြင်နိုင်တဲ့သူမအား ကြယ်တွေစုံတဲ့ညရဲ့ လှပမှုကို ပြောပြခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ်... ♥ ကြယ်တွေစုံတဲ့ညဟာ ဘယ်လောက်လှပတယ်ဆိုတာ သိစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... * ကြယ်တွေစုံတဲ့ညတိုင်း သူမနဲ့အတူ ရှိခွင့်ရပါရစေ * ♥ ကြယ်တွေကို မမြင...