Starry Night
~~~Zawgyi
"မမလေး!!!"
Taeyeonအထိတ်တလန့်ဖြစ်သွားကာဆိုင်ထဲ
မှအမြန်ပြေးထွက်ခဲ့လိုက်သည်။ဈေးရဲ့လူသွားလမ်းအလယ်မှာရပ်လျက်တစ်ဖက်
တစ်ချက်ကိုကျီးကန်းတောင်းမှောက်ကြည့်နေမိ
သည်။သူမဆံပင်များကိုထိုးဖွလျက်
"ဘာမှလည်းမမြင်ရပဲနဲ့ဒုက္ခတွေရောက်ကုန်တော့မှာ
ပဲ!!"သူမညာဘက်လမ်းအတိုင်းပြေးလာပြီးလမ်းကြားများ
ထဲသို့ဝင်ကြည့်လိုက်သည်။လမ်းဆုံးတဲ့အထိJessicaကိုမတွေ့တာကြောင့်
ဆန့်ကျင့်ဘက်လမ်းကိုပြန်သွားရှာရပြန်သည်။အမြန်သွားရလွန်းလို့သူမအတော်မောဟိုက်နေပေ
မယ့်တဖြည်းဖြည်းစိုးရိမ်စိတ်ကကြီးလာသည်။လမ်းကြားတစ်ခုရောက်တာနဲ့သူမအမြန်ဝင်ကြည့်မိ
တော့မျက်နှာချင်းဆိုင်အနေအထားဖြင့်တောင့်တောင့်
ကြီးရပ်နေတဲ့Jessicaကိုတွေ့လိုက်ရသည်။"မမလေး!!"
သူမအလျင်အမြန်အနားသို့ပြေးသွားပြီးJessica
ကိုဖက်လိုက်သည်။လည်ပင်းကိုသိုင်းပြီးဖက်ထားတာမို့Jessicaက
သူမရင်ခွင်ထဲမှာမြှုပ်သွားသည်။"အများကြီးလန့်သွားလားဟင်?တောင်းပန်ပါတယ်"
သူမသာစိတ်ပူစွာတတွတ်တွတ်ပြောနေပေမယ့်
Jessicaကတော့သူမရင်ခွင်ထဲမှာမလှုပ်မရပ်ရပ်
နေတုန်းပင်။"ဘာလို့Chawကိုမစောင့်ပဲထွက်သွားရတာလဲ?
ဘယ်လောက်စိတ်ပူခဲ့ရလဲသိလား!?""တောင်း ပန် ပါ တယ်"
Jessicaဆီမှလေသံမျှလောက်ထွက်လာသော
တောင်းပန်စကားကြောင့်သူမဖက်ထားရာကနေ
လွတ်လိုက်ပြီးJessicaကိုကြည့်လိုက်သည်။"နောက်တစ်ခါဒီလိုလုပ်လို့မဖြစ်ပါဘူးနော်~
Chawပြောတာနားလည်တယ်မဟုတ်လား?""မင်းပြဿနာတက်မှာစိုးလို့စိတ်ပူနေခဲ့တာလား?"
"မဟုတ်ပါဘူး!!"
YOU ARE READING
Starry Night
Fanfiction♥ ကြယ်တွေကို မမြင်နိုင်တဲ့သူမအား ကြယ်တွေစုံတဲ့ညရဲ့ လှပမှုကို ပြောပြခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ်... ♥ ကြယ်တွေစုံတဲ့ညဟာ ဘယ်လောက်လှပတယ်ဆိုတာ သိစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... * ကြယ်တွေစုံတဲ့ညတိုင်း သူမနဲ့အတူ ရှိခွင့်ရပါရစေ * ♥ ကြယ်တွေကို မမြင...