Ep.28

530 72 9
                                    

Starry Night
~~~

Zawgyi

Jessicaရဲ့ခွဲစိတ်မှုအတွက် LAကို သွားရမယ့်နေ့က
ရောက်လာတာကြောင့် Yoonaလည်း Jessicaနဲ့ Krystalတို့ကို သူမကိုယ်တိုင် လေဆိပ်ကို လိုက်ပို့
လေသည်။

"Seohyunက LAမှာ ရှိနေမှာမို့ ရောက်တာနဲ့ သူပဲ
လာကြိုပြီး ခွဲစိတ်ဖို့အတွက်ရော အကုန်ပြင်ဆင်ပေးလိမ့်
မယ်။ ဘာမှစိတ်ပူစရာမလိုဘူးမို့ ကောင်းကောင်းခွဲစိတ်
မှု ခံယူလိုက်ပါ။ ခွဲစိတ်ပြီးရင် ညီမလိုက်လာခဲ့မယ်"

"ကောင်းပြီ။ Unnie တို့ကို စိုးရိမ်မနေပါနဲ့ Yoongie"

"လေယာဉ်ထွက်ဖို့ လိုသေးတယ်ဆိုတော့ Taeyeon
Unnie ကို ဖုန်းခေါ်ချင်လား?"

Krystal သူမအစ်မကို မေးလိုက်သည်။ Jessica
ဘာမှပြန်မပြောတာမို့ Krystalလည်း Taeyeonရဲ့
ဖုန်းနံပါတ်ကို နှိပ်လိုက်ပြီး ဖုန်းကို Jessicaလက်ထဲ
ထိုးထည့်ကာ

"ညီမလေးတို့ အပြင်ကစောင့်မယ်။ စကားပြောလိုက်"

သူမ Yoonaကို ခေါ်ပြီး ကားထဲက ဆင်းသွားလိုက်
သည်။

Krystalခေါ်ထားတဲ့ Taeyeonဘက်က အသံ
ထွက်လာတာကြောင့် သူမလည်း ဖုန်းကိုနားနားကပ်
လိုက်သည်။

"Taeyeon-ah"

"မမလေး?"

"ငါပါ။ ငါအခုပဲ LAကိုသွားဖို့ လေဆိပ်ရောက်နေတာ"

"ဒီနေ့သွားတော့မှာလား? ခွဲစိတ်မှုအဆင်ပြေဖို့ မျှော်လင့်
ပါတယ်"

"မင်းအဆင်ပြေရဲ့လား?"

Taeyeonမှာ အဖေ့ကျန်းမာရေးရော Wendyရဲ့
မိဘအရင်းကိစ္စရောကြောင့် စိတ်တွေရှုပ်ထွေးနေပြီး
အသံက အားနည်းနေသည်။

"အဆင်ပြေပါတယ်"

"အဖေ့ကျန်းမာရေးက ဆိုးလာပြန်ပြီလား? ဘယ်လိုပဲ
ဖြစ်ဖြစ် မင်းကြံ့ကြံ့ခံရင်ဆိုင်နိုင်မယ်လို့ ငါထင်ပါတယ်။
မင်းက ငါသိခဲ့သမျှ လူတွေထဲမှာ အကြံ့ခိုင်ဆုံးမိန်းကလေး
ပဲ"

Starry NightWhere stories live. Discover now