Starry Night
~~~Zawgyi
"မမလေးဒီကွပ်ပျစ်ပေါ်မှာထိုင်နေဦးနော်~"
"မင်းကဘယ်လဲ?"
"မေမေ့ကိုကူပေးမလို့"
"အာ..ok သွားသွား"
Taeyeonလည်းJessicaကိုသူ့တို့အိမ်ရဲ့အလယ်
မြေကွက်လပ်မှာရှိတဲ့ကွက်ပျစ်ပေါ်မှာထိုင်ခိုင်းပြီးဆိုင်
ရှေ့ကိုထွက်သွားလိုက်သည်။"ဦးလေးရှိနေတာမို့စိတ်မပူပဲထိုင်နေပါ"
Taeyeonရဲ့အဖေကရေကရားကိုဆွဲလာပြီးကွပ်ပျစ်
ရဲ့ညာဘက်ဒေါင့်မှာအစီအရီချထားတဲ့ပန်းအိုးတွေကို
ရေလောင်းလိုက်သည်။"ဒီနားမှာပန်းပင်တွေရှိတာလားဦးလေး? နှင်းဆီအနံ့
တွေရတယ်""ဟုတ်တယ်ကလေးမရဲ့။ကလေးမရဲ့ညာဘက်ကနံရံ
ဒေါင့်မှာပန်းအိုတွေနဲ့တန်းစီပြီးအပင်တွေစိုက်ထားတာ။
ပန်းပင်ကတော့နှင်းဆီပင်ပဲပါပေမယ့်အခြားအပင်တွေ
တော့အစုံပဲ""အာ..သိပါပြီ"
JessicaပြောပြီးTaeyeonအဖေရှိမယ့်ဘက်ကို
မျက်နှာလှည့်လိုက်တာပန်းအိုးတွေကိုရေလောင်းနေ
မယ့်Taeyeonအဖေရဲ့ပုံသဏ္ဍန်ကိုဖော်ကြည့်နေ
မိသည်။ခဏလောက်နေတော့ရေကရားကိုမြေကြီးပေါ်ချလိုက်
တဲ့အသံကိုသူမကြားလိုက်ရပြီးကွပ်ပျစ်ပေါ်မှာလူထိုင်
ချတာကိုခံစားလိုက်တာနဲ့Taeyeonအဖေဆိုတာ
သူမ သိလိုက်သည်။"ပျင်းနေပြီလားကလေးမ?"
"မပျင်းပါဘူးရှင်~မမြင်နိုင်ပေမယ့်နေရာအသစ်ရောက်
နေတယ်ဆိုတာကိုသိတော့ခံစားချက်တွေကအသစ်အ
ဆန်းတွေဖြစ်နေတယ်"Jessicaပြုံးပြီးခေါင်းရမ်းရင်းပြောလိုက်သည်။
"ဟုတ်တာပေါ့~အမြင်အာရုံချို့ယွင်းနေတဲ့လူတွေက
ခံစားမှုအာရုံမှာကောင်းကြတယ်""Taeyeonမရှိတော့ဦးလေးတို့အဆင်ရောပြေကြ
ရဲ့လား။ Sicaမကြာခဏစိတ်ပူနေမိတယ်။ နေရေး
ထိုင်ရေးနဲ့စားရေးသောက်ရေးတွေရောပေါ့""စိတ်မပူပါနဲ့ကွယ်~ဦးလေးတို့အဆင်ပြေကြပါတယ်။
အငယ်လေးကလည်းလိမ္မာရှာတယ်လေ။စားဖို့သောက်
ဖို့ကတော့ Taeyeonအမေရဲ့ဆိုင်နဲ့လုံလောက်ပါ
တယ်။ ဦးလေးရဲ့ဆေးဖိုးတွေကတော့Taeyeon
ဘဏ်ထဲထည့်ပေးထားတဲ့ငွေတွေနဲ့သုံးရတာပေါ့ကွယ်။Taeyeonကဦးလေးအလုပ်ကထွက်ပြီးတဲ့နောက်
မှာမိသားစုရဲ့အိမ်ထောင်ဦးစီးဖြစ်လာခဲ့တာပေါ့။ သိပ်
အနစ်နာခံတတ်တဲ့ကလေးလေ"
YOU ARE READING
Starry Night
Fanfiction♥ ကြယ်တွေကို မမြင်နိုင်တဲ့သူမအား ကြယ်တွေစုံတဲ့ညရဲ့ လှပမှုကို ပြောပြခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ်... ♥ ကြယ်တွေစုံတဲ့ညဟာ ဘယ်လောက်လှပတယ်ဆိုတာ သိစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... * ကြယ်တွေစုံတဲ့ညတိုင်း သူမနဲ့အတူ ရှိခွင့်ရပါရစေ * ♥ ကြယ်တွေကို မမြင...