Starry Night
~~~Zawgyi
"Ju Hyun"
"ရှင်..ဖေဖေ"
"ဒီကိုလာဦး!"
"ဘာကိစ္စရှိလို့လဲဖေဖေ?"
"အခုတလောSoo Hyunနဲ့မတွေ့ဘူးဆို"
"အဲ့..အဲ့ဒါက"
"ဖေဖေဆင်ခြေတွေမကြားချင်ဘူးနော်Ju Hyun"
"သ...သမီး သူ့ကိုမကြိုက်ဘူး"
"သူ့မှာဘာလိုအပ်ချက်တွေများရှိနေလို့ဒီလောက်ငြင်း
နေရတာလဲဟမ်?""မဟုတ်ပါဘူး။သူကအရမ်းကိုပြည့်စုံတဲ့ယောကျာ်းတစ်
ယောက်ပါ။ ဒါပေမယ့်သမီးသူ့ကိုမချစ်နိုင်ဘူးဖေဖေ""သူကသာလျှင်သမီးဘဝကိုတင့်တောင်းတင့်တယ်
ထားနိုင်မယ့်လူပဲ""ငွေရှိတိုင်းသမီးပျော်နိုင်မယ်လို့ထင်နေတာလား?
ဖေဖေတို့ဘယ်တုန်းကများသမီးဘက်ကိုကြည့်ပေး
ခဲ့ဖူးလို့လဲ။ငယ်ငယ်ကတည်းကဖေဖေတို့စိတ်ကြိုက်
ပုံသွင်းခဲ့ပြီးပြီပဲ။ အခုသမီးဘဝကိုသမီးစိတ်ကြိုက်နေ
ခွင့်ပေးကြပါတော့လား""တော်တော့Ju Hyun! ဒါတွေအားလုံးကနင့်ဘဝ
်ကောင်းစားဖို့အတွက်ပဲ။ ငါတို့ကတော့မိဘတာဝန်ကျေ
အောင်လုပ်ပေးခဲ့တာ""တာဝန်ဆိုပြီးခေါင်းစဉ်မတပ်လိုက်ပါနဲ့။ ဖေဖေတို့
ကသားသမီးစိတ်ထဲဘယ်လိုခံစားနေရလဲဆိုတာကို
ဘယ်တုန်းကမှဂရုမစိုက်ခဲ့ဘူး။ ဖေဖေတို့ဂရုစိုက်တာ ပိုက်ဆံပဲမဟုတ်လား"ဖြန်း!!!
"ယောကျာ်း!"
"ဖေ...ဖေဖေ"
"နင့်ကိုငါတို့်ထိန်းကျောင်းလာခဲ့တာဒီလိုရိုင်းစိုင်းတတ်
ဖို့မဟုတ်ဘူးBae Ju Hyun"Irene တစ်ယောက်သူ့ပါးကိုကိုင်ကာမျက်ရည်များ
စီးကျလာသည်။ ထို့နောက်ချာခနဲလှည့်ကာအပြင်ကို
ပြေးထွက်သွားလိုက်သည်။"Ju Hyun-ah! သမီး !"
အမေဖြစ်သူကသမီးကိုစိတ်ပူနေပေမယ့်ယောကျာ်း
ကိုလည်းကြောက်ရတော့ရပ်ကြည့်ရုံမှအပမတတ်နိုင်။
YOU ARE READING
Starry Night
Fanfiction♥ ကြယ်တွေကို မမြင်နိုင်တဲ့သူမအား ကြယ်တွေစုံတဲ့ညရဲ့ လှပမှုကို ပြောပြခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ်... ♥ ကြယ်တွေစုံတဲ့ညဟာ ဘယ်လောက်လှပတယ်ဆိုတာ သိစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... * ကြယ်တွေစုံတဲ့ညတိုင်း သူမနဲ့အတူ ရှိခွင့်ရပါရစေ * ♥ ကြယ်တွေကို မမြင...