Starry Night
~~~Zawgyi
သာယာတဲ့ နေ့လယ်ခင်းတစ်ခုမှာ သစ်ပင်အောက်က
ခုံတန်းရှည်လေးဆီမှ မိန်းကလေးတစ်ဦးရဲ့ ကဗျာ ရွတ်သံလေး ပျံ့လွင့်နေသည်။အေးမြတဲ့ လေနုအေးလေး တစ်ချက်တိုက်အပြီးမှာ ကဗျာရွတ်သံ ဆုံးသွားသည်။
"ကောင်းတဲ့ကဗျာပဲနော်"
ငြိမ်းချမ်းစွာ မျက်လုံးများမှိတ်ပြီး နားထောင်နေတဲ့
ဘေးက Jessica ကို Taeyeon မေးလိုက်သည်။"ဟုတ်တယ်။ ကောင်းတဲ့ကဗျာပဲ"
"ကဗျာတွေ နားထောင်ရတာ သဘောကျမှန်းသိရင်
အရင်ကတည်းက ဖတ်ပြခဲ့ပါတယ်""နောက်လည်း ဖတ်ပြလို့ရတာပဲ"
"ဟုတ်ပါပြီ"
"ငါအိပ်ချင်တယ်"
"ဒါဆို အထဲဝင်ရအောင်လေ"
"မဟုတ်ဘူး။ ဒီမှာပဲ"
"ဘယ်လို?"
Jessicaက သူမလက်မောင်းကို အသာအယာ
ဆွဲယူလိုက်ပြီိး ပုခုံးပေါ်ကို ခေါင်းလေးစောင်းလိုက်
သည်။ Taeyeon ပြုံးလိုက်ပြီး ကိုယ်ကိုနည်းနည်း
မတ်ကာ Jessicaမှီလို့ရအောင် အနားကိုကပ်ပေး လိုက်သည်။"လေအေးတွေက ခံစားလို့ကောင်းတယ်"
Jessica သူမပုခုံးပေါ်မှာ ခေါင်းတင်ရင်း နူးညံ့တဲ့
အသံလေးနဲ့ ပြောသည်။Taeyeon ပုခုံးပေါ်က ကောင်မလေးကို တစ်ချက်
ကြည့်ပြီး ပြာလဲ့လဲ့ကောင်းကင်ကြီးကို ကြည့်လိုက်ကာ
သက်ပြင်းဖွဖွချမိသည်။အချိန်တွေက တဖြည်းဖြည်း ကုန်လာတာနဲ့အမျှ
သူမထွက်သွားရမယ့် အချိန်လည်း နီးနေပြီလေ။Jessica က သူမကို အနားမှာ ဆက်ရှိစေချင်တာ
သိပေမယ့် သူမအဖေ ပြောခဲ့ဖူးတဲ့ လူတိုင်းက ကိုယ်နဲ့
သင့်တော်တဲ့ နေရာမှာပဲ နေရတယ်ဆိုတဲ့ စကားကို
သူမဘယ်တော့မှ မမေ့ပေ။သူမဒီကိုရောက်လာခဲ့တာက အမြင်အာရုံချို့ယွင်းနေတဲ့
Jessicaကို ကူညီပေးချင်လို့ပဲဆိုတော့ Jessica
မျက်လုံးခွဲစိတ်ပြီးလို့ ပြန်ကောင်းသွားရင် သူမလည်း
ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပြီးသား။
YOU ARE READING
Starry Night
Fanfiction♥ ကြယ်တွေကို မမြင်နိုင်တဲ့သူမအား ကြယ်တွေစုံတဲ့ညရဲ့ လှပမှုကို ပြောပြခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ်... ♥ ကြယ်တွေစုံတဲ့ညဟာ ဘယ်လောက်လှပတယ်ဆိုတာ သိစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... * ကြယ်တွေစုံတဲ့ညတိုင်း သူမနဲ့အတူ ရှိခွင့်ရပါရစေ * ♥ ကြယ်တွေကို မမြင...