Starry Night
~~~Zawgyi
"မင်းပြောတော့ကွတ်ကီးလုပ်ပေးမယ်ဆို"
"နောက်ကျနေပြီမို့မလုပ်ပေးတော့ပါဘူး"
"ဒါဆိုရင်မနက်ဖြန်လုပ်ပေးလေ"
"အချိန်အားရင်လုပ်ပေးပါ့မယ်"
"စကားကိုဘယ်လိုကြီးပြောနေတာတုန်း"
"ပုံမှန်ပဲပြောတာပါ"
Taeyeonတစ်ယောက်ပန်းလဲရင်းနဲ့ကုတင်ပေါ်
ကနေသူမကိုမေးနေတဲ့Jessicaကိုဖြေလိုက်သည်။အရင်ဆိုချိုချိုသာသာပြောတတ်တဲ့သူမဆီမှဘောက်
ဆက်ဆက်စကားတွေကြောင့်Jessicaမေးလိုက်
ခြင်းဖြစ်သည်။*ဒီကောင်မလေးတစ်ခုခုတော့ဖြစ်နေပါတယ်*
"တကယ်လား? မင်းတို့ကိုစိတ်ဆိုးနေတာလား?"
"မဟုတ်ပါဘူး။ Chawကမမလေးကိုဘယ်လိုလုပ်
စိတ်ဆိုးနိုင်မှာလဲ""မင်းအသံကအရင်နဲ့မတူတော့ဘူးလေ"
"အမြဲတမ်းချိုချိုသာသာပြောရအောင်Chawက
အစီအစဉ်တင်ဆက်သူလည်းမဟုတ်ဘူးလေ""Yah! စကားကိုကပ်ဖဲ့မပြောနဲ့လေ"
"တစ်ယောက်တည်းနေလို့ဖြစ်တယ်ဆိုရင်သွားလိုက်
ပါဦးမယ်""ဘယ်...ဘယ်သွားမှာလဲ? ငါတစ်ယောက်တည်းနေ
လို့ဖြစ်တယ်လို့မင်းကိုမပြောရသေးဘူးလေ""အဲ့တော့မမလေးကဘာလုပ်ပေးစေချင်လို့လဲ?"
"ဘာလုပ်ရင်ကောင်းမလဲ? စိတ်ဝင်စားစရာကောင်း
တာတစ်ခုခုလုပ်ပေးလေ""အဲ့ဒါမျိုးChawမလုပ်တတ်ပါဘူး"
"ဟာ..မင်းဘာဖြစ်နေတာလဲ! စကားပြောတာက
ဘောက်ဆတ်ဆတ်နဲ့အဲ့လိုဆိုငါနေရခက်တယ်""ဘာလို့နေရခက်တာပါလဲ?"
"ငါ...ငါကမင်းအလုပ်ရှင်လေ! ငါသဘောမကျရင်
အလုပ်ထုတ်ပစ်လို့ရတယ်ဆိုတာသိတယ်မလား""သိပါတယ်~မမလေးမကျေနပ်ရင်အခုထုတ်လိုက်
လည်းရပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားရင်တော့အ
ဆင်မပြေပေမယ့်အချိန်အပိုင်းအလုပ်တွေဝင်လုပ်ရင် ရပါတယ်"
أنت تقرأ
Starry Night
أدب الهواة♥ ကြယ်တွေကို မမြင်နိုင်တဲ့သူမအား ကြယ်တွေစုံတဲ့ညရဲ့ လှပမှုကို ပြောပြခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ်... ♥ ကြယ်တွေစုံတဲ့ညဟာ ဘယ်လောက်လှပတယ်ဆိုတာ သိစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... * ကြယ်တွေစုံတဲ့ညတိုင်း သူမနဲ့အတူ ရှိခွင့်ရပါရစေ * ♥ ကြယ်တွေကို မမြင...