Starry Night
~~~Zawgyi
"SooJung-ah~အိပ်ပျော်နေပြီလား?"
"SooJung-ah!"
Meetingကနည်းနည်းနောက်ကျမှပြီးတာကြောင့်
ဟိုတယ်ရောက်ရောက်ချင်းသူမရေတန်းချိုးပြီးတော့
Bathrobဝတ်ကာကုတင်ပေါ်ကKrystalဆီ
လျှောက်သွားလိုက်သည်။"အိပ်ပျော်သွားပြီလား?"
သူမပြုံးလိုက်ကာကျောပေးပြီးအိပ်နေတဲ့Krystal
ရဲ့ဆံပင်လေးကိုပွတ်သပ်လိုက်တော့ရုတ်တရက်
Krystalဆီကရှိုက်သံလေးထွက်လာသည်။သူမစိတ်ပူသွားကာKrystalကိုဆွဲလှည့်လိုက်ပြီး
"SooJungငိုနေတာလား?"
အိပ်ပျော်နေပြီထင်ပေမယ့်မအိပ်သေးပဲငိုနေသော
Krystalကိုတွေ့လိုက်ရတော့သူမရင်ထဲတင်းကြပ်
သွားသည်။သူမKrystalမျက်နှာပေါ်မှမျက်ရည်စက်လေးများ
ကိုလက်မနဲ့အသာအယာသုတ်ပေးရင်း"Yoonရှိတယ်လေကလေးရယ်မငိုပါနဲ့"
အချော့ခံရတဲ့ကလေးကပိုငိုတယ်ဆိုသလိုသူမပြော
တော့မှKrystalတစ်ယောက်ငိုချလိုက်သည်။"ဟာ...ကလေးရာ"
Yoonaသူမရဲ့ဘေးမှာဝင်လှဲပြီးသူမကိုရင်ခွင်ထဲ
ထည့်ကာကျောလေးကိုပုတ်ပေးရင်း"Daddyနဲ့Mommyကိုလွမ်းတယ်"
တကယ်ဆိုသူမတို့သုံးယောက်လုံးကမိဘမရှိတော့
သူများဖြစ်ပေမယ့်Krystalကအငယ်ဆုံးဆိုတော့
မျက်ရည်လွယ်သလိုစိတ်လည်းပျော့သည်။အဲ့ဒါကြောင့်သူမစိတ်ပူခြင်းဖြစ်သည်။
သူ့ကလေးကဒီလိုပုံစံနဲ့Companyကိုဘယ်လို
အုပ်ချုပ်နိုင်မလဲ။Jessicaကတော့အကြီးပီပီခံစားချက်တွေကိုမြို
သိပ်ပြီးနေနိုင်ပေမယ့်Krystalကတော့အဲ့လိုမ
ဟုတ်ဘူးလေ။Director Jungကသူမကိုနေရာကဖယ်စေချင်
ပြီးKrystalကိုလွှဲယူစေချင်တာ။Krystalကိုဆိုရင်သူထိန်းချုပ်ရလွယ်မယ်လေ။
အဲ့ဒါကြောင့်သူမKrystalကိုလွှဲမပေးရသေးခင်
Krystalကိုရင့်ကျက်ပြီးတာဝန်ယူနိုင်တဲ့လူတစ်
ယောက်ဖြစ်စေချင်တာ။
YOU ARE READING
Starry Night
Fanfiction♥ ကြယ်တွေကို မမြင်နိုင်တဲ့သူမအား ကြယ်တွေစုံတဲ့ညရဲ့ လှပမှုကို ပြောပြခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ်... ♥ ကြယ်တွေစုံတဲ့ညဟာ ဘယ်လောက်လှပတယ်ဆိုတာ သိစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... * ကြယ်တွေစုံတဲ့ညတိုင်း သူမနဲ့အတူ ရှိခွင့်ရပါရစေ * ♥ ကြယ်တွေကို မမြင...