Ep.9

1K 134 5
                                    

Starry Night
~~~

Zawgyi

နွေဦးဖြစ်တာကြောင့်သစ်ရွက်အချို့ကလိမ္မော်ရောင် အဖြစ်သို့ပြောင်းလဲသွားကြပြီ။ လမ်းတစ်လျှောက်မှာ လည်းကြွေကျနေတဲ့သစ်ရွက်အချို့ကြောင့်နင်းမိတိုင်း
အသံများထွက်လျက်ရှိသည်။

မနက်အစောလည်းမဟုတ်တာကြောင့်လူသွားလူလာ သိပ်မရှိတော့။ လူကြီးပိုင်းအချို့သာရှိတော့သည်။

တချို့မှာတော့တစ်ကိုယ်တည်းသာလမ်းလျှောက်နေ
ကြပြီးအချို့မှာတော့အဖော်ဖြစ်သူနှင့်စကားပြောရင်း
လမ်းလျှောက်နေကြသည်။

ဒီလိုနွေဦးရာသီကိုကျွန်မကြိုက်သည်။ အအေးဒဏ် သိပ်မခံနိုင်သောကျွန်မအတွက်ဒီလိုရာသီကနေလို့
ကောင်းတယ်လေ။ တစ်ယောက်တည်းဆိုရင်အထီး
ကျန်ဆန်မှုအရမ်းခံစားရတဲ့ရာသီလည်းဖြစ်လို့သူမကို
တစ်ယောက်တည်းမနေစေလိုခြင်းဖြစ်သည်။ သူမကို ကြည့်ရတာနည်းနည်းအေးစက်စက်နိုင်လွန်းပေမယ့်
တကယ်တော့သူမကအထီးကျန်နေပြီးစကားပြောဖော်
လိုချင်နေတဲ့ပုံပါပဲ။

"ငါတို့ကိုဘေးလူတွေမြင်တော့တစ်ခုခုပြောသေးလား?"

ကြည့်..သူမမှာအမြဲသံသယကြောက်စိတ်တွေနဲ့ပြည့်နေတာ။

သူမကသူ့လက်မောင်းကိုဖက်ထားတာမို့သူများအမြင် တွေကိုစိုးရိမ်နေတာဆိုတာကျွန်မသိပါတယ်။

တကယ်ဆိုကျွန်မလိုမြင်နေရတဲ့လူတောင်စိုးရိမ်မှုမရှိ
တာသူမဘာလို့အဲ့လိုတွေးနေသလဲဆိုတာကိုမစဉ်းစား
တတ်ပါ။

"မသိဘူးလေ။ပတ်ဝန်းကျင်အမြင်တွေကိုလိုက်ကြည့် နေရင်Chawတို့ဘယ်လိုအသက်ရှင်မလဲ? အရမ်း စိုးရိမ်မနေပါနဲ့ကိုယ်ဘယ်လိုနေနေသူတို့ကမကောင်း
မြင်ချင်ရင်အပြစ်ကိုပြောနေမှာ။ သူတို့အကောင်းမြင် ချင်ပြန်ရင်လည်းရှာကြံပြီးတော့ကိုချီးကျူးနေဦးမှာ။အဲ့ဒါကိုလူသားလို့ခေါ်တယ်လေ။ အဲ့လိုမျိုးလူတွေမို့ တစ်ခါတစ်လေကျသူတို့နဲ့လိုက်လျောညီထွေဖြစ်ဖို့
အတင်းလုပ်ယူနေစရာမလိုပါဘူး"

"ဒါပေမယ့်ငါလူတွေကိုကြောက်တယ်။ လူတွေက တကယ်ကြောက်ဖို့ကောင်းတယ်"

Starry NightDonde viven las historias. Descúbrelo ahora