လှပတဲ့မျက်ဝန်းတစ်စုံ မှောင်မဲနေတဲ့ကောင်းကင်ထက်ကိုကြည့်နေတယ် မှောင်မဲနေပေမယ့်လည်း အနည်းငယ်လင်းလက်နေတဲ့ ကြယ်လေးတွေကြောင့် ကောင်းကင်ကြီးတစ်ခုလုံးလှပနေတယ် ကြယ်လေးတွေဟာလှပနေပေမယ့် စွတ်ခူးဖို့အလွန်ဝေးလွန်းတယ် Kris လည်းပဲ ဒီကြယ်တွေလို သူနဲ့ဝေးကွာလွန်းနေတယ်
သွယ်လျှတဲ့လက်ကလေးက ဘောင်းဘီအိတ်ကပ်မှ စမတ်ဖုန်းကိုထုတ်လာပြီး အီတလီမှာရှိနေတဲ့ အကိုစီ ဖုန်းဆက်လိုက်တယ်
[ Lu : ဘယ်လိုလဲ အဆင်ပြေလား ]
Lay : ဟုတ်ပြေပါတယ် Lu hyung သူနဲ့နေရတာ အဆင်ပြေလား
[ Lu : ပြေလွန်းလို့ ခဏခဏတောင်စစ်ပွဲပြုလုပ်သေးတယ် ]
တစ်ဖက်ကစကားကြောင့် Lay မျက်နှာမကောင်းတော့ပါ
Lay : တောင်းပန်ပါတယ် Lay ကြောင့် hyung ဒီလိုဖြစ်ရတာ
[Lu : arr လျှောက်တွေးမနေနဲ့ hyung ဘာမှမဖြစ်ဘူး ဒါနဲ့ ဟိုတစ်ယောက်ကိုတွေ့ပြီလား]
Lay : တွေ့ပြီ hyung သူတော်တော်လေးပြောင်းလဲသွားတယ်
[Lu : စိတ်တတ်မကျနဲ့ ကြားလား hyung Lay ဘက်မှာအမြဲရပ်တည်နေတယ်နော် ]
Lay : ကျေးဇူးတင်ပါတယ် hyung Lay hyung ကို အရမ်းချစ်တယ်သိလား
[Lu : hyung လည်း Lay ကို အရမ်းချစ်တယ် hyung ဖုန်းချတော့မယ် အလုပ်ရှိသေးတယ် bye ချစ်ဆုံးလေး ]
Lay : bye bye hyung အရမ်းချစ်တယ်
[Lu : hyung လည်း Lay ကိုအရမ်းချစ်တယ် bye bye ]
Luhan နဲ့ဖုန်းပြောပြီးတော့ Lay ဖုန်းကိုင်ပြီးပြုံးနေတယ် အနည်းဆုံးတော့ သူ့ကိုအရမ်းချစ်တဲ့ သူတွေရှိသေးတာပဲလေ အဲ့လောက်နဲ့သူရှေ့ဆက်ဖို့ အားရှိပါပြီ သူ့အတွက် ရွေးစရာလမ်းသိပ်မရှိသလို အချိန်လည်းသိပ်မရှိတော့ပါ
Lay တွေးရင်းခေါင်းရင်းကခုံပေါ်မှာထောင်ထားတဲ့ ဓါတ်ပုံကိုကြည့်ပြီး ပြုံးလိုက်တယ် အချိန်တွေဘယ်လောက်ပဲကြာခဲ့ပါစေ အဲ့တုန်းကပျော်ရွှင်မှုကို သူမမေ့နိုင်ဘူး*****
မနက်
" မင်္ဂလာပါ ဥက္ကဌကြီး မင်္ဂလာပါ သခင်လေး "
Hotel ထဲခြေလှမ်းတာနဲ့ ဝန်းထမ်းမလေးနှုတ်ဆက်လာတော့ chanyeol အနည်းငယ် ခေါင်းငြိမ့်အသိအမှတ်ပြုလိုက်တယ် Lay ကတော့ အိပ်ချင်မူးတူးနဲ့သာ သူ့အကိုဆွဲခေါ်ရာနောက် တကောက်ကောက်လိုက်သွားတော့တယ်