Ep - 11

575 73 26
                                    

Ep - 11

ညဈေးတန်းမှာ အားလုံး ပျော်ရွှင်စွာလျှောက်သွားနေကြပေမယ့် Kris မှာတော့ မျက်မှောင်ကြီးကြုံ့နေတယ်

အတူတူလာတဲ့ အဖွဲ့သားတွေ တစ်ယောက်ချင်းစီလိုက်ကြည့်တော့ Lay ကိုမတွေ့ရဘူး

Kris pov : Lay ဘယ်ပျောက်သွားတာလဲ ?

Kris Baekhyun ကိုကိုင်ထားတဲ့ လက်ကို ဖြုတ်လိုက်ပြီး ထွက်သွားလိုက်တယ် Kris နှစ်လှမ်းသုံးလှမ်းပဲ သွားရသေးတယ် Baekhyun အမေးကြောင့် ခြေလှမ်း ရပ်လိုက်ရတယ်

Baek : hyung ဘယ်သွားမှာလဲ ?

Kris : Lay ပျောက်နေတယ်

Kris အဲ့လောက်လေးပြောပြီး ထွက်သွားလိုက်တယ်

Chen : အေ Lay ဘယ်ပျောက်သွားတာလဲ ?

Xiu pov : Kris hyung က ဘာလို့ အဲ့လောက်စိတ်ပူနေတာလဲ ? စိတ်ပူရမယ့်သူ က Sehun hyung မဟုတ်ဘူးလား

Hun : Lay ကို ဖုန်းဆက်လို့လည်းမရဘူး ဖုန်းအားကုန်နေပြီထင်တယ်

D.O : ညမနက်ခင် ငါတို့ မြန်မြန်လိုက်ရှာ ကြရအောင်

တစ်ဖက်တွင်

လမ်းကျဉ်းလေးနဲ့ လူတွေအမြောက်အများ သွားလာနေတဲ့ ညဈေးတန်းမှာ Lay တစ်ယောက် သူများတိုးလိုက်လို့ သူ fancy ဆိုင်လေးထဲ ရောက်သွားတယ် သူ့ကို တိုက်လိုက်တဲ့သူကို လှည့်ပြောမယ်လုပ်တော့ မျက်လုံးက လက်ပတ်လေးတစ်ခုကို မြင်လိုတော့ ဝင်ကြည့်လိုက်တယ်

လက်ပတ်လေးက ငွေအစစ်နဲ့ လုပ်ထားပြီး အပြားလေး မှာတော့ K ဆိုတဲ့ စာသားလေးပါတာကြောင့် သူအဲ့ လက်ပတ်လေးကို ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်

Lay လက်ပတ်ဝယ်ပြီး လက်မှာပတ်ကာ ဆိုင်ကနေ ထွက်လာတော့ ဘယ်သူ့ကိုမှ မမြင်တော့ဘူး

Lay : ဘယ်ပျောက်ကုန်ပြီလဲ ?

Lay ဖုန်းထုတ်လာပြီး Sehun စီဆက်မယ်လုပ်ပြီး Call ကိ နှိပ်တဲ့အချိန်မှာပဲ ဖုန်း screen မှာ မှောင်မဲပြီး ပိတ်သွားတော့တယ်

Lay : ဘာလို့ ဒီချိန်ကျမှာ အားလာကုန်ရတာလဲ ?

Lay တစ်ယောက်တည်းပြောပြီး ဖုန်းကို သူလွယ်ထားတဲ့ အိတ်ထဲပြန်ထည့်ပြီး တခြားသူတွေကို လိုက်ရှာဖို့ဆုံးဖြတ်လိုက်တယ်

Hate Me Love YouWhere stories live. Discover now