Ep - 1
Lay : hyung Lay Cherry စားချင်တယ်လို့
Coffee Shop ဆိုင်ထဲမှာ မြည်လာတဲ့ Lay ရဲ့အသံချိုချိုလေး Lay Sehun ကို စိတ်ကောက်နေတဲ့သဘောနဲ့ ထိုင်းခုံကျောမှီကိုမှီကာ လက်ပိုက်ပြီး မျက်နှာစူပုတ်နေတယ်
Hun : Lay Cherry နဲ့ မှမတည့်တာ
Sehun Lay စိတ်ကောက်ပြေမယ်အထင်နဲ့ ချော့ပြောနေပေမယ့်လည်း ပိုဆိုးလာတယ်
Lay : စားချင်ပါတယ်ဆိုနေမှ စိတ်ဆိုးတယ် ဟွန့်
Sehun လည်းမနိုင်ဘူးဆိုပြီး ခေါင်းခါကာ
Hun : Lay တခြားဟာစားလေနော် Cherry ကလွဲလို့ ဘာစားစားရတယ် လိမ္မာတယ်နော်
Sehun ကြိုးစားလျှော့နေတုန်း
Ring Ring Ring
ခုံပေါ်မှာချထားတဲ့ ဖုန်းအဖြူလေး အသံမြည်လာတော့ Lay ဖုန်းကိုမြန်မြန်ကောက်ကိုင်ပြီး
Lay : Hello
[ဘယ်လိုလဲ အချစ်ဆုံးကြီးကို ဘယ်လောက်စိတ်ကောက်နေပြီလဲ ]
Lay : Lay မကောက်ရပါဘူး
Lay ချက်ချင်းငြင်းတော့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ Sehun အသံမြည်အောင် ရယ်မိတယ်
Lay : hyung Lay ဖုန်းခဏသွားပြောလိုက်အုန်းမယ်
Lay တစ်ဖက်သားရဲ့ အဖြေကိုတောင်မစောင့်တော့ပဲ ဆိုင်ထဲကနေ မြန်မြန်ထွက်လာလိုက်တယ်
တုတ်
Lay မျက်နှာ တစ်ယောက်ယောက်ရဲ့ရင်ခွင်နဲ့တိုက်မိသွားတယ်
Lay pov : ဒီရေမွှေးနံ့ ရင်းနှီးနေတယ်
Lay ဖုန်းကိုကျစ်ကျစ်လေးစုတ်ကိုင်ထားပြီး သူ့နှလုံးခုန်နှုန်းမြန်လာတယ် သူကြောက်နေတယ် သူဝင်တိုက်မိတဲ့သူရဲ့မျက်နှာကို မော့မကြည့်ရဲအောင်ကိုကြောက်နေတယ်
Someone : တောင်းပန်ပါတယ် ခင်ဗျားဘာမှမဖြစ်ပါဘူးနော်
Lay တစ်ဖက်သားရဲ့အသံကြားတော့ တဖြေးဖြေးခေါင်းမော့လာပြီး သူတိုက်မိတဲ့သူရဲ့မျက်နှာကိုမြင်တော့ အရမ်းပျော်မိပြီး ပြုံးလာတယ်