Ep - 12
သာယာတဲ့ မနက်ခင်းတစ်ခုမှာ ညက ညနက်မှအိပ်ရပေမယ့် ဒီလိုသာယာတဲ့ မနက်ခင်းကို လက်မလွတ်ချင်တာကြောင့် Lay မနက်စောစော ထပြီး အိမ်ရှေ့က ဝရံတာ မှာရပ်ပြီး လက်နှစ်ဖက်ဆန့်ထုတ်ကာ ပင်လယ်အနံ ရနေတဲ့ လေကို အပြည့်အဝရှူသွင်းနေတယ်
Baek : ရာသီဥတုက သာယာတယ်နော်
Lay : inn အရမ်းသာယာတယ် ငါ ပင်လယ်အရမ်းကြိုက်တယ် သိလား ?
Lay ပြုံးပြီးပြောနေတယ်
Baek : ဘာလို့ကြိုက်တာလဲ ?
Lay : အမှတ်တရလေးရှိခဲ့လို့လေ Kris hyung လည်း ပင်လယ် အကြိုက်ဆုံးဆိုတာ မသိဘူးလား ?
Lay ရဲ့ ချိုသာတဲ့ အပြုံးက မျက်ဝန်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်
Baek : aww ဟုတ်လား ?
Baekhyun Lay ကို တစ်ချက်ပြုံးပြပြီး တစ်ဖက်သို့ မျက်နှာလွှဲ လိုက်ကာ လက်သီးစုတ်ထားလိုက်တယ်
သူသိတာပေါ့ Kris ပင်လယ် ကြိုက်တာ သူမသိပဲနေမလား ? Kris ပင်လယ် ကြိုက်ရတဲ့ အကြောင်းရင်းက Lay ကြိုက်လို့ဆိုတာလဲ သိတာပေါ့
Baek : အရာရာ ဟာ ပြောင်းလဲတတ်တယ်နော် Lay
Lay : ဟုတ်တော့ ဟုတ်တယ် တစ်ခုကတော့ ပြောင်းလဲမှာ မဟုတ်ဘူး
Baek : ဘာလဲ ?
Lay : Kris hyung ရဲ့ နှလုံးသားလေ
Baekhyun ဒေါသနဲ့ Lay ရဲ့ အင်္ကျီကော်လံကို စောင့်ဆွဲကာ
Baek : Lay မင်းဘာလို့ပြန်လာတာလဲ ? ထွက်သွားပြီးပြီပဲ အပြီးပိုင် ထွက်သွားလိုက်တာမဟုတ်ဘူး
Baekhyun Lay ကို ဒေါသနဲ့ အော်ပြောနေပေမယ့် Lay ကတော့ ပြုံးရုံသာပြုံးပြီး
Lay : ငါ့လူကို ပြန်ယူဖို့ပြန်လာတာလေ
Lay ရဲ့ စကားကြောင့် Baekhyun Lay ရဲ့ ကော်လံကို လွတ်ပြီး Lay ကို နားမလည်စွာကြည့်ပြီး
Baek : မင်းမှာလည်း ချစ်သူရှိရဲ့သားနဲ့
Lay : ဘာဖြစ်လဲ ?
Baek : သတိထားနော် Lay တစ်နေ့ မင်းအနားမှာ တစ်ယောက်မှမကျန်ပဲနေလိမ့်မယ်
Baek ပြောပြီး Lay ကို တစ်ချက်ပြုံးပြကာ အိမ်ထဲပြန်ဝင်သွားလိုက်တယ်
