Ep 4
Baekhyun ဒီနေရာမှာထိုင်နေတာ အချိန်တွေဘယ်လောက်တောင်ကြာသွားမှန်းမသိခဲ့ သူထိုင် စဉ်းစားနေရင်း မျက်ရည်တွေပါ ကျဆင်းလာတယ် နှလုံးသားတစ်ခုလုံးလည်း နာကျင်နေပြီ မဟုတ်ပါဘူး လို့ ကိုယ့်ကိုကို လိမ်နေပေမယ့်လည်း အသိစိတ်ကသိနေတယ် Baekhyun ကိုယ့်ကိုကို ဘယ်ချိန်ထိ ထပ်လိမ်နေအုန်းမှာလဲ ယုံကြည်မှုတွေလည်း တဖြည်းဖြည်းတုန်လှုပ်နေပြီ ချစ်သူမှာတစ်ခြားမိန်းကလေးတွေနဲ့ ရှိနေတာ နာကျင်လှပြီဆိုတာဟာ မိန်းကလေးတွေအယောက်တစ်ရာလောက် ဝင်လာတာတောင် ဒီလူတစ်ယောက်လောက်သူ မကြောက်ဘူး
Kris : Baek ဘာလို့ဖုန်းမကိုင်တာလဲ
Kris ဆိုင်ထဲလျှောက်လာရင်း ပြောတယ်
Baek : နေ့လည်တုန်းက hyung ဘယ်သွားတာလဲ
Baekhyun Kris မေးတာကိုမဖြေပဲ မေးခွန်းပြန်မေးနေတယ်
Kris : ဧည့်သည်နဲ့ထမင်းသွားစားတာ Baek ကရော ဘာလို့ hyung ဖုန်းကိုမကိုင်တာလဲ
Baek : ဧည့်သည်က ဒီလောက်ထိနီးကပ်ရလား ?
Baekhyun ပြောပြီး Kris ကိုဖုန်းထိုးပေးလိုက်တယ် Kris တုန်လှုပ်မှုမရှိပဲ ဖုန်းထဲကပုံကို ခဏကြည့်ပြီး
Kris : ဘာလို့လျှောက်တွေးနေတာလဲ ဘယ်လိုပဲဖြစ်ဖြစ် Baek က နံပါတ်တစ်ပဲကို
Baek : နံပါတ်တစ် haha … ဘယ်တော့မှတန်ဖိုးမရှိတဲ့ နံပါတစ်လား သူကရော မထင်မှတ်ပဲ တွေ့မိတာပဲလား
Baekhyun ပြောရင်းမျက်ရည်တွေစီးကျလာတယ်
Kris : ………………
Baek : ကျွန်တော်တို့တွဲလာတာ ငါးနှစ် ဒီငါးနှစ်အတွင်း hyung ကျွန်တော့ကိုချစ်ခဲ့ရဲ့လား ကျွန်တော့ရဲ့အချစ်တွေ hyung စီမရောက်ဘူးလား ကျွန်တော် hyung အတွက် တန်ဖိုးရှိရဲ့လား
Kris Baekhyun မျက်နှာပေါ်က မျက်ရည်တွေကိုသုတ်ပေးပြီး Baekhyun နဖူးကိုအနမ်းပေးကာ
Kris : Baek က hyung အတွက်အမြဲတမ်းတန်ဖိုးရှိတယ်
Baek : ဒါပေမယ့် hyung မချစ်ဘူးပေါ့နော်
Kris : .…………
Baek : hyung ဒီလိုတိတ်နေမယ်ဆိုရင် နောက်မှပဲပြောကြရအောင်