Ep - 23

353 53 12
                                        

Ep 23

မနက်​ ၇ နာရီလာ​ခေါ်မယ်​ဆိုတဲ့ Kris ​စကား​ကြောင့်

Lay အ​စောကြီးထပြီးပြင်​ဆင်​ထားလိုက်​တယ်​ Lay ပြင်​ဆင်းပြီး​စောင့်​​နေတာ ၇ နာရီ​ကျော်​​နေပြီ​တောင်​ Kris က​ရောက်​မလာပါ

ဖုန်းဆက်​​တော့လည်း ဖုန်းမကိုင်​ပြန်​ဘူး Lay ​စောင့်​ရင်းနဲ့ ၈ နာရီ​ကျော်​သွားတာ​တောင်​ Kris ရဲ့အရိပ်​ကို​တောင်​မမြင်​ရတာနဲ့

Sehun ကိုပဲလိုက်​ပို့ခိုင်း​တော့မယ်​လို့ ဆုံးဖြတ်​လိုက်​တယ်

Lay Sehun ဆီ ဖုန်းဆက်​မယ်​လုပ်​​တော့ Kris အိမ်​က ကားတစ်​စီးအိမ်​​ရှေ့မှာလာရပ်​ပြီး

Driver : သခင်​​လေး Lay ကို လာကြိုဖို့ Boss Kris လွတ်​လိုက်​တာပါ

Lay : ဘာလို့ Kris hyung ကိုယ်​တိုင်​လာမကြိုတာလဲ ?

Driver : Boss မှာ အ​ရေးကြီး ကိစ္စရှိ​နေလို့ ကျွန်​​တော်​ကိုလာကြိုခိုင်းလိုက်​တာပါ

Lay နားလည်​ပြီဆိုတဲ့ သ​ဘောနဲ့ ​ခေါင်းငြိမ့်​ကာ ကား​ပေါ်တက်​သွားလိုက်​တယ်

Lay ကား​ပေါ်မှာ ထိုင်​ရင်း အပြင်​ဘက်​ကို​ငေးကြည့်​​နေတယ်​ စိတ်​ထဲမှာ တစ်​ခုခု ​တော့ဖြစ်​​နေပြီလို့ ခံစား​နေရတယ်

Lay သူ့လည်​ပင်းမှာ ဆွဲထားတဲ့ လက်​စွတ်​​လေးကိုကိုင်​ကာ ပွတ်​​နေပြီး ​ပေးတဲ့သးရဲ့ အ​ကြောင်းကို​တွေးကာ ပြုံး​နေမိတယ်

Ring Ring

Lay ​ပေါင်​​ပေါ်မှာတင်​ထားတဲ့ ဖုန်းမြည်​လာ​တာနဲ့  ဖုန်းကိုင်​လိုက်​တယ်

Lay : Hello

{ Lu : ဘယ်​လို​နေလဲ ? }

Lay : ဒီတိုင်းပါပဲ အခု Busan သွား​နေတာ သူနဲ့ ၁ လ တိတိ ​တောင်​ အတူ​နေရမှာ

{ Lu : အဲ့ဒီ ၁လ က ​နောက်​ဆုံးလ ပဲ​နော်​ Lay }

Lay : Lay သိပါတယ်​ Lu hyung စိတ်​မပူပါနဲ့ ​နောက်​ဆုံးအချိန်​ထိ Lay ကြိုးစားပါ့မယ်​ ဒါနဲ့ hyung တို့​ရော ဘယ်​လိုလဲ

Hate Me Love YouWhere stories live. Discover now