Ep - 15

551 62 19
                                    

Ep - 15

Kris Lay နှစ်​​ယောက်​ ညစာစားပြီး​နောက်​ Kris ​တောင်းဆိုတဲ့အတိုင်း Lay Kris နဲ့ အတူသွားအိပ်​လိုက်​ရတယ်​ ဒါ​ပေမယ့်​လည်း Lay က Kris တို့ အိမ်​ကြီးမှာပဲအိပ်​ချင်​တယ်​ဆိုလို့ Kris လိုက်​​လျော​ပေးလိုက်​တယ်

Kris ဘာ​ကြောင့်​ Lay ကို လိုက်​​လျောပေးတာလဲ ? သူ့အကြံထဲမှာ ဒါ​တွေပါ​နေလို့များလား ? ဒါမှမဟုတ်​ သူ့စိတ်​ကိုက လိုက်​​လျောချင်​လို့လား ?

Kris : ဘာစိတ်​ကူး​ပေါက်​ပြီး အိမ်​လာချင်​ရတာလဲ ?

Kris ​မေးရင်းကားစက်​သတ်​လိုက်​တယ်

Lay : သူများအိပ်​ပြီးသား​နေရာ မအိပ်​ချင်​လို့

Lay ​ပြောပြီး Kris ကို အလှဆုံးပြုံးပြကာ ကားတံခါးဖွင့်​ပြီးဆင်းသွားပြီး Kris ကိုရပ်​​စောင့်​​နေလိုက်​တယ်

Yun : သခင်​​လေး Lay !

Kris အိမ်​က အိမ်​​ဖော်​ Arjima က မမြင်​တာကြာဖြစ်​တဲ့ Lay ကိုမြင်​​တော့ အားရ၀မ်းသာ ကို ​အော်​​ခေါ်ပြီး Lay စီအ​ပြေးတပိုင်းနဲ့ လာ​နေတယ်

Lay : Arjima Yun ကို သတိရလိုက်​တာ

Lay ​ပြောပြီး Yun ကို ဖက်​ထားလိုက်​တယ်

Yun : တကယ်​ပဲ သခင်​​လေး Lay ​နော်​ သခင်​​လေး Lay ဘယ်​​ပျောက်​သွားတာလဲ ? သခင်​​လေး Kris ကို​မေး​တော့လည်း Arjima ကို ဘာမှမ​ပြောပြဘူး

Lay : ကျွန်​​တော်​ အ​မေရိကမှာ ​ကျောင်းသွားတက်​လို့ဗျ ပြန်​​ရောက်​တာ မကြာ​သေးဘူး

Lay သူရင်းနှီးတဲ့သူနဲ့ ​နေ​ရာ​ဟောင်းကိုပြန်​မြင်​​တော့ လွန်​ခဲ့တဲ့ခုနနှစ်​က သူနဲ့ Kris ချစ်​ခဲ့တဲ့အ​ကြောင်း​တွေ​ခေါင်းထဲ ပြန်​၀င်​လာတယ်

Kris : Arjima အချစ်​ဆုံး သခင်​​လေးပြန်​လာ​တော့ ကျွန်​​တော့ကို​ ဂရု​တောင်​မစိုက်​​တော့ဘူး​နော်

Yun : အဲ့လိုမဟုတ်​ပါဘူး သခင်​​လေး Lay ကို မ​တွေ့တာကြာလို့ပါ ဒီသခင်​​လေးကို ​ဂရုမစိုက်​ပဲ​နေမှာလား

Kris : Nae ကျွန်​​တော်​သိပါတယ်​ ဒါ​ပေမယ့်​ အခု ကျွန်​​တော်​ Arjima ရဲ့ သခင်​​လေးကို အနားယူဖို့​ခေါ်သွားလိုက်​အုန်းမယ်​ ​နော်

Hate Me Love YouWhere stories live. Discover now