Ep - 25
Kris : မြန်မြန်ထပြီး ရေမိုးချိုးတော့ ထမင်းစားမယ် ငါ Baek ကို အကြာကြီးမစောင့်စေချင်ဘူး
Kris ပြောပြီး ချက်ချင်းလှည့်ထွက်သွားတယ် ကုတင်ပေါ်မှာထိုင်နေတဲ့ Lay မျက်ရည်များစီးကျကာ ထွက်သွားတဲ့ Kris ရဲ့ ကျောပြင်ကိုသာငေးကြည့်နေမိနေတယ်
Lay ဒီလောက်လေးပါ ဒီနာကျင်မှုလောက်နဲ့တော့ မသေပါဘူးလို့ သူ့ကိုယ်သူဘယ်လောက်ပဲပြောနေပါစေ
သူ့နှလုံးသားက နာကျင်မှုဒဏ်ကို မခံစားနိုင်တော့လို့ တစ်ဖြေးဖြေးနဲ့ သေဆုံးနေပြီလားမှမသိတာLay ထလာပြီး ရေချိုးခန်းထဲဝင်သွားကာ ခြေလက်မျက်နှာသစ်ပြီး သူ့ကိုယ်သူမှန်ထဲ ပြန်ကြည့်ကာ " ဘာမှမဖြစ်ဘူး " လို့ သူ့ကိုယ်သူ အားပေးလိုက်တယ်
Lay Kris နဲ့ ထပ်ပြီး ရန်မဖြစ်ချင်တော့တာနဲ့ ထမင်းစားဖို့ထွက်သွားလိုက်တယ်
Kris : နှေးတယ်
Kris စကားကြောင့် Lay Kris ကို တစ်ချက်ကြည့်ကာ Kris နဲ့ Baekhyun ရဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်တယ်
Lay : အကြာကြီး စောင့်စေခဲ့ရလို့တောင်းပန်ပါတယ်
Kris : မသိတတ်ဘူး
Kris Lay ကို ထပ်ပြောပြန်တယ် Baekhyun Kris လက်ကိုသွားကိုင်လိုက်ရင်း Kris ကို မပြောပါနဲ့ ဆိုတဲ့အမူအရာနဲ့ လုပ်ပြလိုက်တယ်
Lay ရှေ့က နှစ်ယောက်ကို ဆက်မကြည့် နိုင်တော့တာနဲ့ မျက်နှာလွဲလိုက်တယ်
Baek : Lay ဒါလေး စားကြည့်ပါအုန်း ငါကိယ်တိုင်ချက်ထားတာ
Baekhyun ပြောပြီး အပြုံးချိုချိုနဲ့ ပြုံးပြတယ်
အဲ့အပြုံးက ဟန်ဆောင်နေတာ Lay သိတယ်Lay : Baek ကိုယ်တိုင်ချက်တာဆိုတော့ ကောင်းမှာပဲပေါ့
Lay ဟန်ဆောင်ပြုံးပြပြီး စားလိုက်တယ်
Baekhyun တောင် ဟန်ဆောင်မှတော့ Lay လည်း ဟန်ဆောင်ရမှာပဲပေါ့