Yeol : D.O ဒီနေ့ဘယ်လိုလဲ
D.O : inn ပွဲကောင်းတယ် မင်းတမင်သက်သက် Lay ကို အဲ့ဆိုင်ခေါ်သွားစားခိုင်းတာမလား
Yeol : မဆိုးဘူး မင်းတော်တယ်
D.O : ဒီလိုလုပ်တော့ ဘာထူးလို့လဲ ကြည့်ရတာ ဟိုတစ်ယောက်က မင်းညီကို တော်တော်မုန်းနေသလိုပဲYeol : ဒါပေမယ့် Lay သူ့ကိုချစ်တယ်လေ သည်းခံလိုက်ပါ သူငယ်ချင်းရာ သိပ်မကြာတော့ပါဘူး
D.O : တကယ်လို့ ဟိုတစ်ယောက် မင်းညီကို တစ်ခုခု လုပ်ရင်ရော
Yeol : Lay အကူအညီမတောင်းမချင်း လုံးဝဝင်မကူနဲ့
D.O : ကတိမပေးဘူး ဒါပေမယ့် ကြိုးစားပါ့မယ်
Yeol : ငါသိတယ် ဘာပဲလုပ်လုပ်သေချာစဉ်းစားပြီးမှလုပ် Lay ဘယ်လိုလဲဆိုတာ မင်းလည်းသိနေတာပဲ မင်း အီတလီကို မြန်မြန်ပြန်ချင်ရင်တော့ လုပ်ပေါ့
D.O : မင်းကိုမုန်းတယ်
D.O စနောက်သလိုပြောလိုက်တယ်
နှစ်ယောက်သား မှောင်မဲနေတဲ့ ကောင်းကင်ကိုမော့ကြည့်ပြီး ကိုယ်စီအတွေးတွေနဲ့ တွေးနေကြတယ် သူတို့နှစ်ယောက်ဘာတွေတွေးနေလဲ ဆိုတာတော့ ဘယ်သူမှမသိဘူး
ကစားသမားနှစ်ယောက်ထက်ပိုနေတဲ့ အချစ်ဂိမ်းဟာ ဘယ်လောက်ထိတောင်ရှုပ်နေမလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ဘူး
***************
သာယာလှတဲ့ မနက်ခင်းတစ်ခုမှ မျက်နှာစူပုတ်ပြီး ထမင်းစားပွဲကို မှေးထောက်ကာထိုင်နေတာတဲ့ ချစ်သူကိုတွေ့တော့
Hun : ချစ်သူလေး ဘာဖြစ်နေတာလဲ စောစောစီးစီး စူပုတ်နေတာပဲ
Sehun ပြောရင်း Lay ရဲ့ဆံပင်ကိုဖွနေတယ်
Lay : ညက Chanyeol hyung အိမ်ပြန်မအိပ်ဘူး
Lay စူပုတ်ပုတ်နဲ့ပြောပေမယ့် Sehun ကတော့ ပြုံးပြီးတော့
Hun : ဘာများလဲလို့ Hotel မှာပဲအိပ်တာနေမှာပေါ့ hyung Lay နဲ့ မနက်စာအတူလာစားနေပြီပဲ ပြုံးတော့နော်
Sehun ပြောလည်းပြော သူမျက်နာကို Lay မျက်နှာနားကပ်သွားတော့ Lay အလှပဆုံးပြုံးလာတယ်
အဲ့ဒီအပြုံးလှလှရဲ့နောက်ကွယ်မှာ အဆိပ်ရှိတယ်လို့ဘယ်သူသိနိုင်မလဲ