Ep 2

905 83 8
                                    

Ep 2

Lay pov : ငါ့လူကိုပြန်ယူမယ်နော် Baek

*****

Baek : hyung .... Kris hyung !

အတွေးလွန်နေတဲ့ Kris ကို Baekhyun က လက်မောင်းကို လှုပ်ရမ်းပြီးခေါ်မှ သတိဝင်လာကာ Baekhyun ကိုပြုံးပြပြီး

Kris : ဘာ ... ဘာလဲ Baek ဘာလို့အကျယ်ကြီးအော်တာလဲ

Baek : Baek ခေါ်နေတာ အကြာကြီးပဲ hyung မှပြန်မထူးတာ ဘာတွေတွေးနေတာလဲ

Baekhyun စိတ်ကောက်ပြီးပြောနေတာက ချစ်စရာကောင်းနေတော့ Kris အသည်းယားကာ ပါးနုနုလေးတစ်ချက်မွပေးလိုက်ပြီး

Kris : arr တောင်းပန်ပါတယ် hyung တစ်ခုခုတွေးနေလို့မကြားလိုက်တာ

Baekhyun Kris မျက်လုံးကိုသေချာစိုက်ကြည့်ပြီး

Baek : Lay အကြောင်းတွေးနေတာလား

Kris : ဘာမှမဟုတ်ပါဘူး မြန်မြန်သွားရအောင် နောက်ကျနေအုန်းမယ်

Kris ပြောပြီး Baekhyun ကိုလက်ကိုဆွဲကာသွားလိုက် Baekhyun လည်းဆွဲခေါ်ရာနောက်ကိုသာ လိုက်ရတာ စိတ်ထဲမှာတော့ တစ်ခုခု ကိုစိုးရိမ်နေတယ်

Baek pov : Kris hyung ဘာအကြောင်းကိုအဲ့လောက် တွေးနေရတာလဲ

*****

ကားအနက်ပေါ်ကနေဆင်းပြီး ကတ္တီပါအနီရောင်ပေါ်ခြေချတာနဲ့ အဆက်မပြတ်လင်းလက်လာတဲ့ flash မီးအောက်မှာ ဘယ်လောက်ပင်မကြိုက်ပေမယ့်လည်း အရမ်းသဘောကျပြီးပျော်ရွှင်နေသလို ချစ်စရာမျက်နှာလေးက လူတကာမက်မောရလောက်အောင်လှပစွာ အားလုံးကိုပြုံးပြနေတယ် ဘေးနားမှရပ်နေတဲ့သူရဲ့လက်မောင်းကိုတော့ တင်းတင်းလေးစုတ်ကိုင်ထားတယ် အမေရိက မှာ ဒီလိုပွဲမျိုး တက်ခဲဖူးပေမယ့်လည်း ဒီ ကိုရီးယားမှာတော့ ဒီတစ်ခါပထမဆုံးပွဲဆိုတော့လည်း နည်းနည်းတော့ကြောက်မိတယ်

Hun : Lay စိတ်သိပ်မလှုပ်ရှားပါနဲ့ အရင်ပွဲတွေလိုပါပဲ

Sehun ခေါင်းအနည်းငယ်ငုံ့ပြီး Lay ရဲ့နားနား တိုးတိုးလေးကပ်ပြောလိုက်တယ်
Sehun Lay နားနားတိုးတိုးလေးကပ်ပြောနေတဲ့ချိန်မှာ ဓါတ်ပုံတွေအဆက်မပြတ်ရိုက်နေကြတယ်

Girl 1 : ဟိတ် ဟိုတစ်ယောက်က Zhang မျိုးရိုးရဲ့ အငယ်ဆုံး သခင်လေးမဟုတ်ဘူးလား ပြောတော့ အမေရိက မှာဆို

Hate Me Love YouWhere stories live. Discover now