"Hyung ညီကျောင်းသွားတော့မယ် လိုက်ပို့ပေးတော့လေ"
"ခဏစောင့် ငယ်လေး Hyung အပေါ်ဝတ်
ယူလိုက်ဦးမယ်"လက်ထဲက အပေါ်ဝတ်လေး မြှောက်ပြကာ
ဒီမှာလေ ယူလာခဲ့ပီလို့
ပြောလာသော sehun ကို ကြည့်ကာ
ပြုံးမိသည်။ ငယ်လေးကလေ
ကျောင်းသွားရမှာ မပျင်းတဲ့အပြင် အမြဲတက်ကြွနေတတ်တယ်။တစ်ခြားကလေးတွေလို လူပျိုပေါက်အရွယ်
ဟိုစပ်စပ် ဒီစပ်စပ် လက်တွေ့မစမ်းသပ်တာကိုပဲ ကျေးဇူးတင်ရမယ်။ အပေါ်ဝတ် ယူဝတ်ကာ
ဆံပင်လေးဖွတော့ မှေးနေတဲ့မျက်လုံးကို
ပျောက်သွားသည်အထိ ပြုံးပြလေရဲ့။ သိပ်ချစ်ဖို့ကောင်းတဲ့ တစ်ဦးတည်းသော ညီလေး။အသက် ၃နှစ်သာ ကွာတာ ချစ်ဖို့ကောင်းလွန်းလို့ တစ်အိမ်လုံးကကို
အလိုလိုက်ထားရတာ။ သူအလိုရှိရာကို
ချွဲနွဲပီးတောင်းတတ်တယ်။တစ်ခါတစ်ခါ ဂျစ်ကန်ကန် လုပ်ချင်သေးတာ။
ချစ်လွန်းတော့လည်း
အကုန်လိုက်ဖြည့်ဆည်းပေးရတာပါပဲ။
ကျောင်းဝင်းထဲ ဝင်သွားတာများ
လူကို တစ်ချက်တောင် လှည့်ကြည့် နှုတ်ဆက်မသွားဘူး။ငယ်လေးစုတ်။ နောက်ရက် ကျောင်းစောစော လိုက်ပို့ခိုင်းရင် နားပါ။
-----------------The World --------------------
(ဟူးးးး တော်ပါသေးရဲ့) Hyung ကို ကောင်းကောင်းပြန်ဖို့
ပြောမလို့ ပြင်ကာရှိသေး ဟိုစပ်စုစိန် မြင်လိုက်လို့ အတင်းကာရော
ကျောင်းဝင်းထဲ ပြေးဝင်လာမိတယ်။ တော်သေး မမြင်လိုက်တာ။
ကျောင်းနောက်က အုတ်တံတိုင်းပေါ် ကျော်တက်ပီး အမြန်
လစ်ခဲ့ရတယ်။ လူကို ကျောင်းလာတာမြင်ပီး
ကျောင်းလစ်ချင်တာသိရင်သေချာပေါက်တားနေမှာ အဲ့ကောင်က။ မရဘူးလေ ဒီနေ့တော့

YOU ARE READING
🌎The World🌎
Fanfiction#Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ တစ်ခု ဖြစ်တယ် မင်းဟာငါ့အတွက် မရှိမဖြစ်ဆိုတာ မင်းသိသင့်တယ် (...) နှုတ်က ဖွင့်မပြောတဲ့ ငါက မချစ်တတ်ဘူးတဲ့လား (...) Cover By sekaibubblechoco 🥰 #Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ...