Mongu လှမ်းခေါ်ရာ စားပွဲနား လျှောက်လာခဲ့လိုက်တယ်။ ထိုင်ခုံကို ဆွဲထိုင်ပီး ရှေ့က မုန့်စားနေတဲ့ တစ်ယောက်ကို ကြည့်လိုက်တော့
ဖောင်းကားနေတဲ့ ပါးစပ်ထဲကို အတင်း burger ကို လှီးပီး
ထိုးထိုးထည့်နေတဲ့ ကောင်လေး။ ဝါးလည်း မဝါးဘဲ အတင်းမြိုချနေသလိုပဲ။ ဘာရယ်မဟုတ် ကြည့်နေလိုက်မိတယ်။ မျက်လုံးလေးတွေ
ထဲကနေ ဂဏာမငြိမ်ဘဲ လှုပ်ရှားပြေးလွှားနေတဲ့ မျက်ဆံ နက်နက်လေးတွေကို မြင်လိုက်တဲ့ ခဏ ဘေးနားက ရေခွက်လေးကို ကမ်းပေးလိုက်တယ်။ သူပဲ စိတ်ထင်လို့လားမသိ။ လှမ်းယူလိုက်တဲ့ လက်သွယ်သွယ်က အနည်းငယ် တုန်နေသလားလို့။"အဆင်ပြေလားဟင် ငါတို့ လာလို့ အနှောက်အယှက် ဖြစ်သွားတာလား။" Mongu ရဲ့ အမေး အဆုံးမှာ ခေါင်းယမ်းပြပီး tissue နဲ့ နှုတ်ခမ်းပါးကို သုတ်နေတယ်။ ကောင်လေးက သူတို့ထက် ငယ်မယ့်ပုံပါပဲ။ Mongu လည်း ကျေနပ်သလို ပြုံးလိုက်ပီး လက်ဆန့်ထုတ်ကာ "ငါ့နာမည် Kim Mongu။ မင်းနဲ့ တစ်ကျောင်းတည်းပဲ။
အထက်တန်း နောက်ဆုံးနှစ် ဖြေထားတယ်။ B ခန်းထဲက။ " မိတ်ဆက်လိုက်တော့ လက်ပြန်ကမ်းပေးကာ ဖြေလာတဲ့ ကောင်လေး
စကားကြားတော့ သူ အံ့သြသွားတယ်။ သူတို့နဲ့ ရွယ်တူ ဆိုပါလား။
ဒီလောက် ကလေးဆန်တဲ့ ကောင်လေးက သူနဲ့ ရွယ်တူ ဆိုပါလား။
C ခန်းက ဆိုတော့ သူတို့ဘေးခန်းကပဲ။ ကျောင်းသာ ပီးသွားတယ်
သူသတိမထားမိပါဘူး အဲ့ကောင်လေးကို။ နာမည်က Oh Sehun။Oh Sehun... Oh Sehun...
တိုးတိုးလေး ခေါင်းငုံ့ပီး အကြောင်းပြချက်မရှိ ရေရွတ်နေလိုက်မိတာ
ဘေးနားက Taemin ပခုံးကို လှမ်းပုတ်လိုက်မှ ရှေ့က ကောင်လေးကို ကြည့်ပီး မိတ်ဆက်လိုက်တယ်။"ငါက Kim Jongin။ B ခန်းထဲက။ မင်းကို ကျောင်းမှာ တစ်ခါမှ မတွေ့ဖူးဘူးလားလို့။ "
ကျွန်တော့်စကားအဆုံး မျက်ခုံးတွေကို တွန့်ချိုးလိုက်သောကြောင့်
သူ့မျက်လုံးလေးတွေ ပိုမှေးသွားတယ်။ ကျွန်တော် ပြောတဲ့ထဲမှာ
ဘာအမှားမှ ပါမသွားဘူးလို့ ထင်တယ်။ ကျွန်တော် ဇဝေဇဝါ နဲ့
မျက်မှောင့်ကုတ်လိုက်မိပီး သူ့ကို ကြည့်နေလိုက်တော့ ငါကတော့
မင်းကို တွေ့ဖူးတယ် လို့ ပြောပီး သူခေါင်းငုံ့သွားတယ်။ ပီးမှ ပြန်မော့လာပီး

BINABASA MO ANG
🌎The World🌎
Fanfiction#Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ တစ်ခု ဖြစ်တယ် မင်းဟာငါ့အတွက် မရှိမဖြစ်ဆိုတာ မင်းသိသင့်တယ် (...) နှုတ်က ဖွင့်မပြောတဲ့ ငါက မချစ်တတ်ဘူးတဲ့လား (...) Cover By sekaibubblechoco 🥰 #Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ...