မနက်ခင်း နေရောင်ဖျော့ဖျော့ မျက်နှာပေါ်ကျရောက်လာတော့
မျက်လုံးက အလိုလို ဖွင့်မိသွားသည်။ အိုး... ကျွန်တော် ဒီနေ့လို
အိပ်ရေးဝဝ မအိပ်ရတာ ကြာနေပေါ့။ ဟိုတစ်နေ့က စာမေးပွဲပီးတယ်။
အဲ့နေ့ညနေကပဲ သူငယ်ချင်းတွေ စုပီး ဂျယ်ဂျူကျွန်းကို ခရီးထွက်ခဲ့တာ
၃ညအိပ် ၄ရက် ခရီး။ စာလိုက်မလုပ်ခဲ့သမျှ စာမေးပွဲတစ်တွင်းလုံးလည်း
မိုးချုပ်မှ အိပ်၊ စောစောထပီး ရေကုန်ရေခမ်း ကြိုးစားလိုက်ရတယ်။ ခရီးကပြန်ရောက်တော့ အတိုးချ အိပ်ပစ်လိုက်တယ်။Mongu ကတော့ Audition ဖြေရမှာမို့ မလိုက်ခဲ့ဘူး။ Taemin
ကလည်း U.S သွားရမှာမို့ Busan က သူ့မိဘတွေဆီ ပြန်သွားတယ်။
အင်းလေ။ ၂နှစ်ခွဲ ၃နှစ်လောက် ပညာသင်ရမှာဆိုတော့ မသွားခင်
မိဘတွေနဲ့ သွားနေရမှာပေါ့။ဒီနေ့တော့ Taemin ပြန်ရောက်မယ်တဲ့။ ဟိုကောင် Mongu ကလည်း audition အောင်လား မအောင်လား သေချာမပြောဘူး။
ဒီနေ့ တွေ့မယ်ပဲ ပြောနေတာ။ အိပ်ရာဘေး စားပွဲပေါ်က ph ကို
လှမ်းယူပီး နှစ်ယောက်လုံးကို ဆိုင်တစ်ဆိုင်မှာ ချိန်းလိုက်တယ်။
နောက်ဆို သုံးယောက် တူတူဆုံဖို့က ခက်ပီလေ။ message ပို့ပီး
တဘက်ကို ယူ ရေချိုးခန်းထဲ ဝင်လာလိုက်တယ်။
.
.
.
ဆိုင်ရောက်တော့ Taemin က ရောက်နေပီးသား။"မင်းရောက်တာ ကြာပီလား Taemin။
Monguရောမရောက်သေးဘူးလား။ အမြဲ နောက်ဆုံးမှပဲ
ကြွလာတတ်တယ် မင်းသားက""ဟေ့ရောင် ငါရောက်နေတာ ကြာပီကွ။ Taemin ထက်တောင်
စောသေး" Taemin ပြန်ဖြေမလိုပြင်နေတာကို စိုက်ကြည့်နေတုန်း
ကျောနောက်က အသံနဲ့အတူ ပူခနဲ ဖြစ်သွားသော ပခုံးကို ဖိကာ
ခပ်တိုးတိုး ဆဲလိုက်သည်။"sorry sorry ငါတို့ရဲ့ ဆရာလေး။ ငါ သာသာလေး ထိုးလိုက်တာပါကွာ။ နာသွားလား။ ဥုံ ဖွ။"
ပခုံးပေါ် အသာလာပွတ်နေသော လက်ကို ဖယ်ချပစ်လိုက်ကာ
"ဘာ ဆရာလေးလဲ။ မင်း Audition အောင်ခဲ့တယ်လား။"

KAMU SEDANG MEMBACA
🌎The World🌎
Fiksi Penggemar#Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ တစ်ခု ဖြစ်တယ် မင်းဟာငါ့အတွက် မရှိမဖြစ်ဆိုတာ မင်းသိသင့်တယ် (...) နှုတ်က ဖွင့်မပြောတဲ့ ငါက မချစ်တတ်ဘူးတဲ့လား (...) Cover By sekaibubblechoco 🥰 #Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ...