"ဟေ့ရောင် Jongin မင်း အရွေးခံရတယ်ဆို"
ဘေးနားကို အပြေးလာကာ ပခုံးကို တိုက်၍ မေးလာသော Mongu ကို အကြည့်စူးစူး တစ်ချက်ဖြင့် ကြည့်လိုက်သည်။"မင်း ဘယ် သွားသေနေတာလဲ။ ခုမှ တရေးနိုး လာတာလား"
ဟုတ်တယ် ။ အဲ့ကောင် ကျောင်းမလာတာ ၂ပတ်ပြည့်တော့မယ်။
"မင်းကလည်းကွာ အိမ်က Daddy ကြီးက အတင်းလိုက်ခဲ့ ဆိုလို့ပါကွာ။ စာမေးပွဲကလဲ လိုသေးတော့။ ခေါင်းသွားဆေးတာ။"
"မင်း ကျောင်းပီးရင်လည်း အပီးလိုက်သွားတာ မဟုတ်ဘူး။
ငါလည်း အဲ့ကို သွားဖို့ ရှိတယ်။""ဘာလဲ မင်းကို ပညာသင် လွှတ်မှာ အမေရိကားကိုလား။
ဘယ်တော့သွားရမှာတဲ့လဲ။ မဆိုးဘူး ငါလည်း လိုက်ခဲ့မယ်"စာသင်ခန်းရှေ့အရောက် ဘေးမှ ဖြတ်ပြေးသွားသော တစ်ယောက်ကို
လှည့်ကြည့်လိုက်မိသည်။ မြင်ဘူးတယ် ဘယ်မှာ မြင်ဘူးတာပါလိမ့်။"Jongin လာလေကွာ။ အခန်းထဲ မဝင်တော့ဘူးလား။ ငါ
မေးနေတာလေးလည်း ဖြေပါဦး။ ဘယ် လိုက်ငေးနေတာလဲ...""မဟုတ်ဘူး စောစောက ဘေးက ဖြတ်သွားတဲ့ တစ်ယောက်ကို
မြင်ဘူးသလားလို့။ " ခပ်တိုးတိုးဆဲလာသော Mongu ကို
ပြန်ပြောတော့"ရူးနေလား Jongin တစ်ကျောင်းတည်းက သူတွေပဲ။ မြင်ဘူးမှာပေါ့ကွ။ "
မဟုတ်သေးဘူး။ အဲ့ တစ်ယောက်..... တစ်မျိုးပဲ။ ဘယ်မှာ ဆုံဘူးပါလိမ့်။
"အေးပါကွာ။ ထားတော့။ မင်းဘာမေးလိုက်တယ်။ ဘယ်တော့လည်း
ဟုတ်လား။ ကျောင်းပီးအောင် တက်ပီးမှ သွားမယ် ရလားလို့ ပြောလိုက်တယ်။ သိပ်မှမလိုတော့တာ။ ၂လ ၃လ လောက်ပဲလိုတော့တာဆိုပီး ခွင့်ပြုပေးလိုက်တယ်။ ဒါပဲ။ မင်းရှိနေရင်တော့ မင်းနဲ့လည်း တွေ့လို့ရတာပေါ့ မဟုတ်ဘူးလား။ ""ok ok ငါ Daddy ကို ပြောကြည့်မယ် ဟုတ်ပီလား။"
"ok ok. ဒါနဲ့ မင်း audition ဝင်ဖြေမလား။ ငါ ဖောင်ထုတ်ခဲ့ပေးမယ်"

YOU ARE READING
🌎The World🌎
Fanfiction#Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ တစ်ခု ဖြစ်တယ် မင်းဟာငါ့အတွက် မရှိမဖြစ်ဆိုတာ မင်းသိသင့်တယ် (...) နှုတ်က ဖွင့်မပြောတဲ့ ငါက မချစ်တတ်ဘူးတဲ့လား (...) Cover By sekaibubblechoco 🥰 #Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ...