"Jongin... ဘာတွေတွေးနေတာလဲ၊ ငါ ခေါ်နေတာ ကြာလှပီ"
Taemin ခေါ်လိုက်သံကြားမှ စိတ်ကို ပြန်စုစည်း၍ လက်ထဲ ကိုင်ထားသော Burger ကို တစ်ကိုက် ဖဲ့ကာ စားလိုက်ပီး ခေါင်းယမ်းပြမိသည်။ သူ Jongin ကို ကြည့်နေတာ ကြာလှပီ။ Burger
မှာပီး လာချပေးသွားကတည်းက ငုတ်တုတ် ငိုက်နေသလား မှတ်ရသော Jongin ကို ကြည့်နေမိသည်။ ငိုက်နေတာ မဟုတ်တာတော့
သေချာနေသည်။ ချသွားသော Burger ကို တစိမ့်စိမ့် ကြည့်ကာ ဗိုက်ပြည့်သွားသလားတော့ မပြောတတ်။ သူ ခေါ်လိုက်မှ စားဖို့ သတိရသွားဟန် ငုံ့စားနေသည်လေ။Jongin ဘာဖြစ်နေတာလဲ။ ငါ့ကို ပြောပြလေ။
သူ မေးချင်မိသည်။ သို့သော် သူ့နှုတ်မှ မမေးရဲ့။ မေးမထွက်ဆို ပိုမှန်မည်။ Jongin ပြန်ဖြေလာမည့် အဖြေကို သူမကြားရဲ။ မကြားချင်။
ကြားဖို့ အဆင်သင့် မဖြစ်သေး။ ထို့ကြောင့် မေး မထွက်တော့။သူ သတိထားမိနေသည်။ ဒီကို သူတို့ မလာခင် SK ကို တစ်ခေါက်သွားတုန်းက သူတို့ လေးယောက် ပြန်ဆုံဖြစ်သည်။ သူတို့လေးယောက်ဆိုတာက သူရယ်၊ Jonginရယ်၊ Mongu နဲ့ Sehun။
အမှတ်မထင် ဆုံဖြစ်တာ မဟုတ်ဘဲ Mongu တစ်ယောက် Sehun ကိုစောင့်ပီးမှ ဝင်မယ် ဆိုပီး အတင်းဆွဲထား၍ သူတို့ စောင့်လိုက်ကြသည်။ ခါတိုင်း အလုပ်နှင့်ပတ်သက်လျှင် စိတ်မြန် လက်မြန် Jongin တစ်ယောက် Sehun မလာခင်အထိ ၁၅ မိနစ်လောက်
စောင့်ရသော်လည်း တစ်ချက် မငြီး။ သူ အဲ့မှာ စ သတိထားမိလိုက်သည်။ Sehun အလာ လက်ခနဲ ဖြစ်သွားသော Jongin မျက်ဝန်း။
မသိမသာ ကော့်တက်သွားသော အပေါ်နှုတ်ခမ်း။သူ ဆက်မကြည့်ချင်တော့။ သူ တိတ်တခိုး ချစ်မြတ်နိုးရသူ၏ လှပသော
ပျော်ရွှင်သော ကြည်နူးသော အပြုအမူလေးတွေက သူ့ကြောင့် ဖြစ်တည်လာတာ မဟုတ်၍ သူဘေးမှ ကြည့်ရှု ခံစားမမျှဝေပေးနိုင်သေးပါ။
လူမှန်းသိစ အရွယ်ကစ ယခု အသက် ၁၈နှစ် ရောက်လာခဲ့သည်အထိ
သူစိမ်း ယောက်ျားလေး တစ်ယောက်ကြောင့် ပြောင်းလဲသွားသော
Jongin အပြုအမူများကို သူမတွေ့ဘူးသေး။ ချုပ်ချယ်မှုကို မကြိုက်သော Jongin ကို သူ့ဘက်ကနေလည်း ငယ်သူငယ်ချင်းဆိုပီး ဘာမှ တားဆီး ချုပ်ချယ်ခဲ့တာတွေ မရှိခဲ့။ ကလေးအရွယ်ကတည်းက သူ့ဘက်ကနေ Jongin ကို အမြဲ အလိုလိုက်ကာ အကြီးတစ်ယောက်လို နေထိုင်ပြုမှုခဲ့သည်လေ။ Jongin နှုတ်မှ ဘယ်ယောက်ျားလေးကိုမှ မြတ်နိုး မိသောပုံစံကို သူမတွေ့ဖူးသေး။ ယုတ်စွ အဆုံး မိန်းကလေးတစ်ယောက်ကိုတောင် ချစ်ဖို့ကောင်းလိုက်တာ ဆိုပီး ဖွင့်ဟ ပြောလာတာ မကြားဖူး။

YOU ARE READING
🌎The World🌎
Fanfiction#Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ တစ်ခု ဖြစ်တယ် မင်းဟာငါ့အတွက် မရှိမဖြစ်ဆိုတာ မင်းသိသင့်တယ် (...) နှုတ်က ဖွင့်မပြောတဲ့ ငါက မချစ်တတ်ဘူးတဲ့လား (...) Cover By sekaibubblechoco 🥰 #Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ...