"ငယ်လေး ကိုကို့အခန်းထဲ လိုက်ခဲ့ဦး"
အပေါ်ထပ် လှမ်းတက်နေတဲ့ ခြေလှမ်းတွေက Hyungအသံကြောင့်
Hyungနောက်ကိုသာခြေဦးလှည့်ခဲ့တော့သည်။"ပြောလေ Hyung" ပြုံးစစမေးလာသော ငယ်လေးကိုကြည့်ကာ
သက်ပြင်းချရင်း"ငယ်လေး ဒီနေ့ ကျောင်းမလာဘူးဆို Hyung ကို မှန်မှန်ပြော
Hyung ကိုယ်တိုင် ငယ်လေး ကျောင်းထဲ ဝင်တာကို မြင်ခဲ့တာကို"သေစမ်း။ ဟိုကောင် သိသွားပီး ဆေးထိုးလိုက်ပီကိုးးး။
မျက်နှာကို မဲ့ကာ"Hyung Jonny ပြောတာမလား တွေ့မယ် ကျောင်းရောက်မှ"
"ဘယ်သူ့ မှ အပြစ်မတင်နဲ့။ ဘယ်တွေလျောက်သွားနေတာလဲ ပြော"
မျက်မှောင့်ကျုံ့ကာ ပြောနေသော hyung ကိုကြည့်၍ အနည်းငယ်တော့ ကြောက်မိသည်။ hyung က ကျောင်းလစ်တာကို လုံးဝ
အားမပေးသူ။ တစ်ခြားဘာလုပ်လုပ် ခွင့်တောင်းလျှင် ခွင့်ပြုပေးတတ်သည်။ ဒီတစ်ခုမှ လွှဲ၍သာ။ မျက်နှာလေး အသာငုံ့ကာ"hyung ကလည်း အက ပြိုင်ပွဲ သွားကြည့်တာပါ..."
အသံတိုးတိုးလေးနဲ့ ဖြေလိုက်တယ်။"ဟုတ်လားး နောက်ဆို ဖေဖေတို့မေမေတို့ကို မပြောတောင်
hyung ကိုတော့ ခွင့်တောင်း ကြားလား။ hyung အားရင် လိုက်ပို့ပေးမယ်။ ငယ်လေးက ကတာကို စိတ်ဝင်စားလို့လား။"ဟုတ်တယ်လေ။ ငယ်လေးက ဆယ်ကျော်သက်အရွယ်ဆိုတော့
လမ်းချော်သွားမှဖြင့်။ အက ဝါသနာပါလာတယ်ဆိုတာက
ကောင်းသေးတယ်လေ။"စိတ်ဝင်စားတယ်ရယ်တော့ မဟုတ်ပါဘူး hyungရာ။ ညီ့ သူငယ်ချင်း
တစ်ယောက်ပြိုင်တာ သွားအားပေးတာ။ ကျောင်းက တစ်ခြား သူတွေလည်း ပါတယ် hyung ရ။""အော် အင်းပါ ဘယ်သူလဲ သူငယ်ချင်းက ကောင်မလေးလား"
"အာ ယောက်ျားလေးပါ hyung ရာ Kim jongin တဲ့"
မျက်နှာလေးနီကာ ပြောလာတဲ့ ငယ်လေးကိုကြည့်ကာ ပြုံးလိုက်မိတယ်။
ဒီကလေးဟာလေ ကောင်မလေးအကြောင်း ပြောလိုက်မိတာနဲ့ နားရွက်ဖျားလေးတွေကို နီရဲတက်လာတာ။ ဒီတစ်သက် ကောင်မလေးရပါတော့မလားပဲ။

YOU ARE READING
🌎The World🌎
Fanfiction#Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ တစ်ခု ဖြစ်တယ် မင်းဟာငါ့အတွက် မရှိမဖြစ်ဆိုတာ မင်းသိသင့်တယ် (...) နှုတ်က ဖွင့်မပြောတဲ့ ငါက မချစ်တတ်ဘူးတဲ့လား (...) Cover By sekaibubblechoco 🥰 #Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ...