👉The World လေးရဲ့ feedback မရတဲ့အတွက် ပြောထားတဲ့အတိုင်း အပိုင်း၁၃ ထိ ပြန် date ပေးပီးရင် အသစ်ကို up မပေးတော့ပါဘူးနော် ကျနော်က ချစ်ပီး ကျနော့်ကို အဖက်မလုပ်သော readernim များ 😁😁👈
------------------😸The World😸-----------------ပါးစပ်ဖျားလေး လှုပ်ကာ တီးတိုးရေရွတ်လိုက်သည်ကို တွေ့လိုက်သော်လည်း ဘာပြောလိုက်မှန်းမသိလိုက်။ လက်ထဲက အင်္ကျီ ကောက်စွတ်လိုက်သည်ကို မြင်မှ ကမန်းကတန်း မျက်နှာလွှဲ၍ ဘေးမှာ ချထားသော ရေဘူးကို ကောက်မော့လိုက်သည်။ ပါးစပ်ထဲက ထမင်းဟင်းတွေ ရေနဲ့အတူ မျောပါပါစေတော့။ အတင်းမြိုချပီး ph screen ကို ပြန်ကြည့်လိုက်တော့ ပြုံးစိစိ မျက်နှာထားနှင့် Kim Jongin...
ဘာရယ်နေတာလဲ လို တစ်ချက်ပိတ်ဟောက်လိုက်တော့ တဟားဟားနဲ့
တောင် အော်ရယ်လိုက်သေးသည်။ ပီးမှ ရယ်ချင်ပက်ကျိ မျက်နှာကို
အတင်းထိန်းကာ မင်း မျက်နှာက စတော်ဘယ်ရီသီးကျနေတာကိုး
ဆိုပီး ပြောလာသည်။ မှန်ပဲပြေးကြည့်ရမလို၊ မျက်နှာပဲ အုပ်ထားရမလို။"ငါ့ မျက်နှာက နဂိုကတည်းက ပန်းရောင် သန်းတယ်။ ဘာမှ မနီဘူး။"
ပြောလိုက်မှ ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ ဟုတ်မှာပါလေ ဆိုပီး
တီးတိုးရွတ်နေလေသည်။ မျက်နှာကတော့ လက်သင့်မခံဘူး ဆိုတဲ့
ပုံစံနဲ့။ ငါကွာ... ကြည့်မိတဲ့ ကိုယ့်အပြစ်နဲ့ကိုယ်မို့။ ph ဆက်ချိန်မှာ
ဘယ်နှယ့် အင်္ကျီချွတ်ကြီးနဲ့ ဖြစ်နေရတာလဲ။ ဟိုကောင် Mongu ကလည်း Taemin လည်း ရှိတယ် ခဏပြောထားကွာဆိုပီး
ပြန်ကို မလာနိုင်သေးဘူး။ဘာနဲ့ စားနေတာလဲ ဆိုတဲ့ အသံကြားမှ စားဖို့ ရွယ်လိုက်သည့် ထမင်းလုပ်ကို screen နား ကပ်ပြလိုက်သည်။ အော် ဆိုပီး အသံထွက်လာသော သူ့အသံကြားမှ ပါးစပ်ထဲ ထည့်ကာ စားနေလိုက်တော့သည်။
အားးးး မြန်မြန်လာတော့ Mongu။"နေပါဦး မင်းက ph ဆက်မယ် ဆိုတာ သိရဲ့နဲ့ အင်္ကျီချွတ်ကြီးနဲ့။
ဘာလဲ သေချာ show ပေးတာလား။ ဆွဲဆောင်စရာမရှိ ယောက်ျား
အချင်းချင်း ဆွဲဆောင်နေသေး ဟွန့်"

YOU ARE READING
🌎The World🌎
Fanfiction#Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ တစ်ခု ဖြစ်တယ် မင်းဟာငါ့အတွက် မရှိမဖြစ်ဆိုတာ မင်းသိသင့်တယ် (...) နှုတ်က ဖွင့်မပြောတဲ့ ငါက မချစ်တတ်ဘူးတဲ့လား (...) Cover By sekaibubblechoco 🥰 #Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ...