{plot တွေ ပြန်ပြောင်းထားရတဲ့ အတွက် ရေးပီးသားတွေ ပြန်ဖျက်ပီး အသစ် ပြန်ရေးထားလို့ update ကြာသွားတာ sorry ပါနော်။ ရှည်ရှည်လေး ရေးပေးထားပါတယ်နော်။ RL ထဲထည့်ပေးတဲ့ အတွက် ကျေးဇူးပါနော် reader လေးတို့။
မတောင်းရဲပေမယ့် တောင်းပါ့ရစေ ဖတ်ရင်း reader တို့ကို ဆွဲဆောင်မှု တစ်စုံတစ်ရာ ပေးစွမ်းနိုင်ခဲ့ရင် ကြယ်လေးတွေ comment
လေးတွေ ပေးတာ မြင်ချင်လို့ပါ}😁😁😍😍
.
.
."မင်း ဒီနေ့ အဆင်ပြေတယ်မလား Taemin.... ငါတော့ တော်တော်
လိုသေးတယ်။ နောက်ရက်ကျ အချိန်ပိုပေးပီး ကျင့်ရဦးမယ်""ဟာကွာ Jongin ရာ မင်း ကတာ ကောင်းပါတယ်။ ဘာလဲ
စိတ်တိုင်းမကျသေးလို့လား"ခေါင်းတစ်ချက်ငြိမ့်ပြကာ အင်း နည်းနည်း စိတ်တိုင်းမကျသေးဘူး
ဆိုလာသော Jongin ကို ကြည့်၍ ပြုံးလိုက်မိသည်။သူ အရမ်းနှစ်သက်မိသော၊ သဘောကျမိသော အရာများနှင့် ပတ်သက်၍
သူ့ကိုယ်သူ perfect ဖြစ်နေမှ ကျေနပ်တတ်သူ။ အမြဲ perfect ဖြစ်နေအောင်လည်း ကြိုးစားပြင်ဆင်လေ့ရှိသူ။ ခုလည်း သင်တန်းမှာ အကပြိုင်ပွဲ တစ်ပွဲ ကျင်းပဖို့ ရှိနေတယ်လေ။
သင်တန်းသူ သင်တန်းသား အချင်းချင်းဆိုတော့ သူတို့ နှစ်ယောက်အတွက် အရှုံး အနိုင်က အရေးမကြီး။ပြိုင်ပွဲနေ့မှာ နာမည်ကြီး entertainment တစ်ခုက
အက ပညာရှင် လာရောက်အကဲခတ်မယ်ဆိုတဲ့ သတင်း
ကြားထားတယ်လေ။ ကျွန်တော်တို့ သင်တန်းက တော်တဲ့ dancer တွေကိုဆို အမြဲ လာရောက် ရွေးချယ်သွားတတ်သည်။ အရွေးခံရတဲ့သူတွေကို အကပိုင်းနဲ့ ပတ်သက်ပီး ပညာတော်သင် လွှတ်တတ်ကြသည်။ ပီးမှ entertainment မှာ အလုပ်ဝင်ခွင့်ရလေသည်။Jongin ရဲ့ အက ပညာရှင်ကောင်း တစ်ယောက်ဖြစ်ဖို့နဲ့
သူတတ်ကျွမ်းတာကို ပြန်လည် ဝေမျှ ပေးချင်တဲ့ ရည်မှန်းချက်အတွက်
ဒါက အရမ်းကို အရေးကြီးတဲ့ ပွဲ တစ်ပွဲ ဖြစ်သွားပီလေ။

YOU ARE READING
🌎The World🌎
Fanfiction#Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ တစ်ခု ဖြစ်တယ် မင်းဟာငါ့အတွက် မရှိမဖြစ်ဆိုတာ မင်းသိသင့်တယ် (...) နှုတ်က ဖွင့်မပြောတဲ့ ငါက မချစ်တတ်ဘူးတဲ့လား (...) Cover By sekaibubblechoco 🥰 #Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ...