"Sehun ရော သူဘယ်မှာလဲ Mongu "
လေဆိပ်က ဆင်းဆင်းချင်း တစ်ယောက်တည်းမြင်လိုက်ရတဲ့ Mongu ကို luggage လှမ်းပေးကာ မေးလိုက်သည်။ မျက်နှာပျက်သွားသော Mongu
သူ ဘယ်...မှာလဲ။ သူ ကျနော့်ကို မုန်းသွားပီလား။ ကျနော် ဖွင့်ပြောမိတာ စောသွားလို့လား။
"Mongu Oh Sehun ဘယ်မှာလဲ"
ထိတ်လန့်တကြားမေးလိုက်မိတဲ့ ကျနော့်အသံကို သတိထားမိသွားတဲ့ Mongu က ကျနော့်ပခုံးကို ခပ်ဖွဖွ လာပုတ်နေတယ်။ ကျနော့နောက်ကနေ ထွက်လာတဲ့ Taemin ကို တစ်ချက်လှည့်ကြည့်ပီး ဘာမှ ပြောမလာ။ကျနော် သဘောပေါက်လိုက်ပီ။ သီးသန့်ပြောချင်တယ် ဆိုတဲ့ သဘော။ ငယ်သူငယ်ချင်း ဖြစ်တဲ့ Taemin သိလို့ မဖြစ်ဘူးဆိုတော့ ဒီကိစ္စက အရေးကြီးပုံရသည်။ ကျနော့်စိတ်ကို အတတ်နိုင်ဆုံး ထိန်းပီး နှုတ်ပိတ်ကာ လိုက်လာခဲ့လိုက်သည်။ ပြန်မလာဖြစ်တဲ့ ၂နှစ်အတွင်း ဆိုးလ် မြို့ကြီး ဘယ်လို တိုးတက်လာတာ။ ဘယ်လို လှပလာတာ ဆိုပီး ကျနော့်နဲ့
ph ပြောဖြစ်တိုင်း ပြောပြတတ်တဲ့ ကောင်လေး အနားမှာ မရှိတော့ သူပြောခဲ့ဘူးတဲ့ လှပခြင်းတွေ ကျနော် မခံစားမိ။ တစ်လမ်းလုံး စိတ်ရှုပ်ထွေးစွာ လိုက်ပါလာခဲ့ရသည်။"Taemin...ငါ Jongin ကို ခေါ်သွားဦးမယ်
မင်း aunty ကို ပြောပေးထားဦး"အိမ်ရှေ့ရပ်လိုက်သော ကားပေါ်မှ ကျနော် မဆင်းတော့ Mongu က အလိုက်တသိ ပြောပေးသည်။
"Jongin မင်း နားဦးမယ်ဆို အိပ်ရေးမဝသေးဘူးဆို "
စိုးရိမ်သလိုလေး မေးလာတဲ့ Taemin ကို အားနာမိပေမယ့် ကျနော် Mongu ဆီက သိရမှ ဖြစ်မယ်။
"အင်း ရတယ်။ ဘာမှ မဖြစ်ဘူး။ အမေ့ကို ပြောပေး ငါ ညနေပြန်ရောက်မယ်လို့ နော် "
စိတ်မပူဖို့ ပြောနေရင်းနဲ့ Mongu မျက်နှာပျက်သွားတာကို မြင်လိုက်သေးတယ်။
ဘာတွေ ဖြစ်နေတာလဲ ငါ သိချင်လှပီ Mongu......
"မောင်းတော့ Mongu..."
အိမ်ရှေ့မှ ထွက်ခွာသွားသော ကားလေးကို ကြည့်ရင်း "မဆိုင်သေးဘဲနဲ့ မင်း အဲ့လောက်ထိ ချစ်မပြပါနဲ့လား Kai"

YOU ARE READING
🌎The World🌎
Fanfiction#Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ တစ်ခု ဖြစ်တယ် မင်းဟာငါ့အတွက် မရှိမဖြစ်ဆိုတာ မင်းသိသင့်တယ် (...) နှုတ်က ဖွင့်မပြောတဲ့ ငါက မချစ်တတ်ဘူးတဲ့လား (...) Cover By sekaibubblechoco 🥰 #Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ...