"Jongin...ထတော့လေ။ Mongu ကို သွားကြိုရမယ်မလား"
မနက်စာ ပြင်ဆင်ရင်း အခန်းရှေ့က ဖြတ်မိတိုင်း တံခါးခေါက်ကာ နှိုးသွားပေမယ့် Jongin ဆီက ဘာတုန့်ပြန်မှုမှ မကြားရနာရီကို ကြည့်လိုက်တော့... မဖြစ်။
Jongin ထတော့ဆို ပြောပြောဆိုဆို အခန်းထဲ ဝင်သွားလိုက်သည်။
ဘေးမှာ ipad ကြီးချထားကာ စောင်တွေကြား လုံးထွေးနစ်ဝင်နေတဲ့ Jongin ရယ်လေ။
ညက game ဆော့နေတာနေမယ်။"Jongin မင်း Mongu တို့ကို သွားကြိုဖို့ နောက်ကျတော့မှာပဲ"
"အင်းးးးး "
အီးလေးဆွဲနေသော Jongin ကို ကြည့်၍ နှုတ်ခမ်းထက် တစ်ချက်ပြုံးလိုက်ကာ"Sehun နဲ့ Monguတော့ မင်းကို မစောင့်နိုင်တာနဲ့ Uncle အိမ် တန်းသွားတော့မယ် ထင်တာပဲ"
"ဟမ်... ဘယ်လို ဘယ်လို"
အိပ်ရာထဲမှ ငုတ်တုတ်ထထိုင်ကာ မေးလာသော Jongin ကို ကြည့၍
ရယ်ချင်စိတ်က ထိန်းမရ။ ရှုပ်ပွနေသော ဆံပင်တွေကို ရှင်းပေးကာ"ဟုတ်တယ် Sehun က မရောက်ဘူးလို့တဲ့ အလည်လိုက်လာတာ"နှုတ်ခမ်းလေးတွေ ကွေးနေအောင် ပြုံးကာ ဝုန်းခနဲ့ အိပ်ရာပေါ်ကနေ ထပြေးပီး
ရေချိုးခန်းထဲ ပြေးဝင်သွားတော့သည်။ Kim Jongin အရူးလေး။------------------- The World ------------------
"Mongu ငါ ဗိုက်ဆာနေပီ။ မင်းအိပ်ပုတ်က မလာသေးဘူးလား"
ရှုံမဲ့ကာမေးနေသော Oh Sehun ကို ကြည့်၍ ပေါ်မလာသေးသော
ကာလနဂါးကိုသာ ကျိန်ဆဲနေလိုက်သည်။
Daddy မအားလို့ သူ့ လာကြိုခိုင်းမှပဲ။"imm လာ အချစ်လေး ကိုယ်တို့ fast food ဆိုင် တစ်ဆိုင်က စောင့်ကြတာပေါ့"
ပြုံးစိစိပြောကာ ရှေ့က ထွက်လာခဲ့လိုက်သည်။ နောက်ကနေ ဘယ်လောက်များ မျက်စောင်းတွေ ထိုးပီး ပွစိပွစိ ရွတ်နေမဘလဲ မသိ။
.
.
.
.
.
"Mongu မင်းတို့ ဘယ်မှာလဲ လေဆိပ်မှာလဲ မရှိဘူး။
uncle အိမ် တန်းသွားတာလား။ နောက်ကျလည်း နည်းနည်း တော့
စောင့်ပေးဦးမှပေါ့" ph ဖွင့်ကာ တစ်ဆက်တည်း ပြောနေသော
Jongin...
ဟိုဘက်က ဘာပြောလိုက်လဲ မသိ ပြုံးစိစိ မျက်နှာနှင့် အော် အေး လာခဲ့မယ် စောင့်နေဦး
ဟု ပြောကာ လာ Taemin သွားမယ် ဆိုလျက် လေဆိပ်ထဲမှ ထွက်လာခဲ့လိုက်တော့သည်။
.
.
.
.
.
"Jongin ငါတို့ဒီမှာ"
ကျနော်တို့ကို လှမ်းမြင်သည်နှင့် Taemin နှင့်ပြုံးကာ ဝင်လာသော
Jongin မျက်နှာ တည်သွားလေသည်။
ကျနော်နှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သော
သူက တစ်ခုခုကို အလိုမကျနေသလို။
သူ့ဘေးခုံတွင် ဝင်ထိုင်လိုက်သော Taemin နှင့် သူ့ကို မရည်ရွယ်ပါပဲ
တစ်လှည့်စီ ကြည့်လိုက်မိသည်။
ဘေးချင်းကပ်ထိုင်နေသော သူတို့နှစ်ယောက်
ရုပ်ချင်းဆင်သည်။ Kim Jongin ရဲ့
လိုအပ်နေတဲ့ တစ်ခြမ်းက Lee Taemin လား......
မိန်းမချော ချောသော Taemin နှင့် Taemin ထက် အရပ်ပိုရှည်ကာ
ယောက်ျားပီသလှသော Jongin......
တော်တော် လိုက်ဖက်ညီတာပဲ...

YOU ARE READING
🌎The World🌎
Fanfiction#Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ တစ်ခု ဖြစ်တယ် မင်းဟာငါ့အတွက် မရှိမဖြစ်ဆိုတာ မင်းသိသင့်တယ် (...) နှုတ်က ဖွင့်မပြောတဲ့ ငါက မချစ်တတ်ဘူးတဲ့လား (...) Cover By sekaibubblechoco 🥰 #Sekai = The World နှစ်ယောက်ပေါင်းရင် ကမ္ဘာ...