ကျနော်တို့ပြောင်းလာသော အိမ်လေးသည် ထင်ထားတာထက်ပင် နေချင်စဖွယ်လေးဖြစ်နေသည်....နဂိုက အိမ်ပြောင်းတိုင်း တစ်နည်းမဟုတ်တစ်နည်း ဂျီကျတတ်သော ကျနော် အိမ်လေးကိုမြင်တာနဲ့ သဘောအကျကြီးကျမိတော့သည်..... မြတ်ခင်းစိမ်းတို့ပေါ်တွင် ဆောက်ထားသောအိမ်လေးမှာနို့နှစ်ရောင် တစ်ထပ်တိုက်ပုလေးဖြစ်သည်
သိပ်မကျယ်ဝန်းသော ခြံလေးက သစ်မာသားများဖြင့် ထိပ်အချွန်တွေလုပ်ပီး ကာထားကာ အဖြူရောင်ဆေးများသုတ်ထားခြင်းကပင် တစ်မျိုး အမြင်အေးစေသည်......."မေ အဲ့ဒါ ကျနော့်စာအုပ်တွေ လေးတယ် ကျနော့် ကိုပေး"
"ရပါတယ် သားရယ် ဒီလောက်က"
"ကျနော့်ရဲ့ မိန်းခလေးပင်ပန်းမှာကို မကြည့်ရက်လို့ပါခင်ဗျ"
"Aigoo သိတတ်လိုက်တာ မေ့ သားလေးက "
ပစ္စည်း ကြီးကြီးမားမားတွေက အိမ်ပြောင်းတဲ့အလုပ်သမားတွေ ကူချပေးသွားပေမယ့် တိုလီမိုလီဆွဲထည့်ခဲ့သည့် ပစ္စည်း တွေကတော့ ကိုယ့်အားကိုယ်ကိုးပင် ဒါတောင် အိမ်ထဲမှာ ပစ္စည်း တွေနေရာမချရသေး .......
"မေရီ....မေရီမှလား"
"မမလင်း...."
"ဟယ် ကြည့်စမ်း ဘေးအိမ်ကိုလူသစ်တွေပြောင်းလာတယ်ဆိုလို့ လှမ်းကြည့်နေတာ မေရီနဲ့တူပါတယ်ထင်လို့ထွက်လာတာ "
"ဝမ်းသာလိုက်တာ မမလင်းရယ် မေရီ ပြောင်းသာပြောင်းလာရတာ ပတ်ဝန်းကျင်အသစ်နဲ့ ဆိုတော့ အားငယ်နေတာ အခုတော့ စိတ်အေးသွားပီ "
"မမလင်းလဲ ဝမ်းသာတယ်ကွယ် ..မေရီအကိုသာ သိရင်ဝမ်းသာမှာ.....အဖေကြီးရေ ဒီမှာ ဘယ်သူတွေလဲထွက်ကြည့်ပါအုံး...."
ကျနော်အိမ်ပြင်ထွက်လာတော့ မေကအန်တီကြီးတစ်ယောက်နဲ့စကားပြောနေတယ် အဲ့လိုပဲ မေကသဘောကောင်းသလို ဆက်ဆံရေးလဲပြေပြစ်လွန်းတော့ ရောက်တဲ့နေရာမှာအသိမိတ်ဆွေမရှားဘူးလေ........
YOU ARE READING
ခလေးချစ်သောလူကြီး
Random#Bl boy x boy အချစ်က ဟန်ဆောင်ခြင်းကင်းတယ် မာယာကင်းတယ် ထိုကလေးနှစ်ယောက်ကို ချစ်သော အချစ်က ဖြူစင်တယ် My idol..my baby bas & God 😍💚💚